YawStar Folder Magician

===========================================================
Current Version : 1.5.2.13
===========================================================





            မင်္ဂလာပါ။ YawStar Folder Magician မှကြိုဆိုပါတယ်။ ဒီ Software ကလေးကတော့ Folder တွေရဲ့ Icon ကလေးတွေကို  မိမိစိတ်ကြိုက်ပြောင်းလဲပေးနိုင်တဲ့ Software ကလေးဖြစ်ပါတယ်။ ပုံစံတူ Software ကလေးတွေလဲရှိပါတယ်။ ဒါပေမယ့် လိုင်စင်တောင်းတာတွေ၊ ရက်သုံးဆယ်ပဲ အသုံးပြုနိုင်တဲ့ Trial တွေနဲ့ အခကြေးငွေ နဲ့ ၀ယ်ယူခိုင်းတာတွေက များတာမို့ ဒီ Software ကလေးကို ရေးဖြစ်သွားတာဖြစ်ပါတယ်။ ဒီ Software ကလေးကတော့ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ Software ကလေးဖြစ်တာမို့ 100% Free နဲ့ Virus, Malware, Hijacker နဲ့ Ransomware တွေလုံးဝ မပါဝင်ပါဘူး။ ဒီ Version 1.5.2.13 မှာပါဝင်တဲ့ Feature အသစ်ကတော့ System Shell Folder တွေရဲ့ Icon ကိုပါ မိမိ စိတ်ကြိုက်ပြောင်းလဲ ပေးနိုင်သလို နဂိုအတိုင်းပြန်လည်ထားပေးနိုင်တာ၊ နောက်ထွက်မည့် Version အသစ်ကိုလဲ Online ကနေ Download လုပ်ပေးနိုင်တဲ့ Check Update Function တွေပါဝင်လာပါတယ်။ ပြီးတာ့ အရင် Version အဟောင်းတွေမှာလို့  Folder Icon ကိုပြောင်းလဲပြီးသွားတိုင်း Refresh Icon Cache ကို သွားနှိပ်နေစရာ မလိုတော့ပဲ ပြောင်းလဲပြီးတာနဲ့ Icon Cache ကို Rebuild ပြုလုပ်ပေးတာမို့ ပြောင်းလဲလိုက်တဲ့ Folder Icon ဟာ ချက်ခြင်း ပဲ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Folder တွေရဲ့ Context Menu ကနေ တဆင့် Color Folder Icon တွေကို ပြောင်းလဲ နိုင်အောင် ပြုလုပ်ပေးထားပါတယ်။
  ဒီ Software ကလေးမှာ မိမိ စိတ်ကြိုက် Icon တွေကို ပြောင်းလို့ရသလို .EXE, .CPL, .DLL, .ICL တို့မှ Icon တွေကိုလဲ ယူပြီးတော့ အသုံးပြုနိုင်ပါသေးတယ်။ ဒါ့အပြင် သူ့မှာ Icon Library ပါတစ်ပါတည်း ပါဝင်တာမို့  အဲဒီက ကြိုက်တဲ့ Icon တွေကိုလဲ ရွေးပြီးပြောင်းလဲ နိုင်ပါတယ်။ System Icon Resource File တွေဖြစ်တဲ့ shell32.dll, imageres.dll တို့ကိုလဲ အလွယ်တစ်ကူ ယူသုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ပြောင်းလဲချင်တဲ့ Folder သို့မဟုတ်၊ Icon တွေကိုလဲ Software ပေါ်ကို Drag & Drop ပြုလုပ်ပြီး Select မှတ်နိုင်တာမို့ Browse Button ကို နှိပ်ပြီး အချိန်ကုန်ခံ ရှာစရာမလိုအောင်လဲ ပြုလုပ်ပေးထားပါတယ်။ အကယ်လို့ ပြောင်းလဲထားတာကို မကြိုက် တော့လို့ နဂိုအတိုင်းပဲ ပြန်ထားချင်တယ်ဆိုရင်လဲ Customize မှ Restore Default Icon ကို နှိပ်ပြီးတော့ ပြန်ထားနိုင်ပါတယ်။
  ဒီ Program ကလေးကို Delphi ကိုအသုံးပြုပြီးတော့ ကျွန်တော်ကိုယ်တိုင်ရေးထားပါတယ်။ ဒီ Program ကလေးမှာ Virus, Malware, Adware, Ransomware တွေလုံးဝမပါဝင်ပါဘူး။ ပြီးတော့ Download ယူထားတဲ့ Zip File အောက်မှာလဲ MD5 Algorithm ဖိုင် ပါပါတယ်။ MD5 Algorithm စစ်ကြည့်လို့ မကိုက်ညီဘူးဆိုရင်တော့ ပြန်လည်ပြုပြင်ထားတာ၊ သို့မဟုတ် Code တွေကို အစားထိုးပြုပြင်ထားတာ တို့ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်ပါ တယ်။ ဒီ Program ကလေးကို နောက်ထပ် Version တွေမှာ ပိုကောင်းတဲ့ Feature တွေထပ်ထည့်သွားမှာဖြစ်ပါတယ်။ ဒီ Program ကလေးနဲ့ ပါတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိတာဖြစ်စေ၊ ဝေဖန်အကြံပြုလိုတာဖြစ်စေ၊ တစ်ဘက်တစ်လမ်းမှ ကူညီချင်တာဖြစ်စေ၊ Programmer ထံသို့ Donation ပြုလုပ်လိုတာဖြစ်စေ yawstar.2009@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။ ဒီ Program ကလေးကို မည်သူမဆို အခမဲ့ အသုံးပြုနိုင် သလို ပြန်လည်ပြီး တော့လဲ မျှဝေ အသုံးပြုနိုင်ပါတယ်။

====================================================================
System Requirement For YawStar Folder Magician
YawStar Folder Magician ကို မသုံးစွဲမီ သင့်ရဲ့ စက်မှာ အနည်းဆုံး ဒီ Specification ရှိရဲလား စစ်ဆေးပါ။
.Operating System : Windows XP/ Vista/ 7/ 8/ 8.1/ 10
.Memory (RAM) : 256 MB of required.
.Hard Disk Space : 100 MB of free space required.
.Processor : Intel Pentium III or later.
====================================================================
INFORMATION
Latest version : 1.5.2.13
Released Date : 16/December/2018
File Size : 14.11 MB
MD5  :  E24C52CA9577420B0ECC3A8E77BC0D39
Package Type : Zip (Archive)
Stable : YES
အသုံးပြုလိုသူများ အောက်ပါ link မှာ ဒေါင်းယူနိုင်ပါတယ်။
Download link (Mediafire) 
YawStar Folder Magician_v1.4.0.9.zip



====================================================================



0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me