Saturday, June 13, 2015

YawStar USB WriteProtector_v1.0

June 13, 2015


  Computer မှာ virus ၀င်၍ သော်လည်းကောင်း ကလိတာများသွားလို့သော်လည်းကောင်း USB Stick သို့မဟုတ် Memory Card တွေ Write Protect ဖြစ်သွားတတ်ပါတယ်။ USB Stick (သို့) Memory Card မှ ဓါတ်ပုံ၊ ဗွီဒီယို အစရှိတာတွေကို Computer ထဲကို Copy  ကူးလို့ရပေမယ့် Computer ထဲ က သီချင်း တွေ ဓါတ်ပုံတွေကို တော့ USB Stick ထဲကို Copy ကူးလို့မရတော့ ပဲ Write Protect လို့ပြနေပါလိမ့်မယ်။ USB Stick ကို  Format လုပ်လဲ အလားတူ Message ပဲ ပြပါလိမ့်မယ်။ ဒီလိုဖြစ်ရင် အချို့လူတွေက Stick  ကဖြစ်တာဆိုပြီး Stick ကိုပဲ ပြင်ကြတယ်။ ဟုတ်ပါတယ် WriteProtect က Memory Device ကဖြစ်တာလဲရှိပါတယ်။ နောက်ပြီး Registry မှာ WriteProtect Value ၀င်နေတာလဲရှိပါတယ်။ Memory Device မှာဖြစ်နေတာ ဆိုရင်တော့ BOOTICE, TestDisk တို့ကိုသုံးပြီးတော့ Partition တွေပြန်ပိုင်းပြီး ပြန်ပြင်ရပါတယ်။ Registry မှာဖြစ်နေတာဆိုရင်တော့ Value ကို 0 ပြောင်းလိုက်ရုံပါပဲ။ ဒါပေမယ့် ခက်တာက Registry Editor မှာက Ctrl+S ကိုနှိပ်ပြီး Save လုပ်စရာမလိုဘူးဗျ၊ ပြီးတော့ လုပ်ပြီးသွားပြီဆိုလဲ Ctrl+Z ဆိုပြီး Undo လဲလုပ်လို့မရဘူး။ အသုံးပြုတဲ့ User က System က သုံးတဲ့ Key တစ်ခုခုကိုများ မှားပြီး ဖျက်လိုက်ရင်တော့ Windows  ပါကျသွားနိုင်ပါ တယ်။ ကိုယ်တိုင် Windows တင်တတ်ရင်တော့ပြဿနာမရှိပေမယ့် သာမန် User အနေနဲ့ ဆိုရင်တော့ ငွေကုန်ပေါက်ပါပဲ။ အဲဒီလိုမဖြစ်ရအောင်လို့ ကျွန်တော် YawStar USB WriteProtector ဆိုတဲ့ Software လေးကို ရေးထားပါတယ်။  Status: မှာ USB write protection ON လို့ပြထားရင် Computer ထဲက ဖိုင်တွေကို Memory Devices ထဲကို ကူးလို့မရပါဘူး။ USB write protection OFF လို့ပြထားမှသာ ကူးယူလို့ရနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုလိုသများ အောက်မှာ ဒေါင်းနိုင်ပါတယ်။





RAR Password:YawStar
YawStar USB WriteProtector_v10 Download (1.1 MB) >>>>>>
https://drive.google.com/file/d/0BzgCjjRj1N9TSmpQQ0FZemhBOTg/edit?usp=docslist_api





Written by

We are Creative Blogger Theme Wavers which provides user friendly, effective and easy to use themes. Each support has free and providing HD support screen casting.

0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me