Friday, June 12, 2015

YawStar PE Builder v1.0

June 12, 2015

Windows 7 Live CD တစ်ခု ဖန်တီးခြင်း
ဒီ Post လေးကတော့ ကျွန်တော်ရေးထားတဲ့ YawStar PE Builder လေးနဲ့  Windows 7 ကို Live CD တစ်ခု ဖန်တီးတာပါ။ ပြီးခဲ့တဲ့ တစ်ခေါက်က Windows 7 Recovery Partition တစ်ခု ဖန်တီးခြင်း ဆိုတာရဲ့ အဆက် ဆိုရင်လဲ မမှားပါဘူးဗျာ။ Windows 7 ကို PE Builder, Bart’s PE Builder, Win Builder စတဲ့ Software တွေနဲ့ လဲ Live CD တစ်ခု ဖန်တီးလို့ ရပါတယ်။ ဒါပေမယ့် (Features တွေ များတော့)အသုံးပြုရတာ အနည်းငယ် ခက်ခဲပါတယ်။ ဒါကြောင့် ကျွန်တော်ရေးထားတဲ့  Software နဲ့ ပဲ ရှင်းပြသွားပါမယ်။Software နဲ့ ပတ်သက်ပြီးလို အပ်တဲ့ အရာများကို လဲ အကြံပြုနိုင်ပါတယ်။ အရင်ဆုံး YawStar PE Builder ကို အောက်က  Link မှာ ဒေါင်းလိုက်ပါ။ ပြီးသွားရင် တော့ Setup file ကို နှိပ်ပြီး Install လုပ်လိုက်ပါဗျ။ ပြီး ရင်တော့ Desktop ပေါ်က YawStar PE Builder လေးကို နှစ်ချက် နှိပ်ပြီး Run လိုက်ပါ။ YawStar  PE Builder  Windows ပေါ်လာတဲ့ အခါမှာတော့ Windows 7 Source ဆိုတဲ့ အောက်မှာ  Windows CD ထည့် ထားတဲ့ CD Drive  ကို ရွေးပေးပါ၊ ဒါမမဟုတ် ဖိုင်တွေကို ကူးထားတယ်ဆိုရင်လဲ ကူးထားတဲ့ နေရာကိုရောက်အောင်ရှာပြီး Select လုပ်ပါ(ကျွန်တော် အနေနဲ့ C:\အောက်က Win7 ဆိုတဲ့ Folder  ကို ရွေးပေးထားပါတယ်)။ ကျန်တာတွေကတော့ အဆင်သင့် သုံးနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အောက်နားက Target Drive or Folder Install of ISO Boot Image ဆိုတဲ့ နေရာမှာ တော့ C:\ သို့ မဟုတ် D:\ (အခြား E:\, F:\ တို့ရှိရင်လဲ ရပါတယ် )အဓိက က အောက်က Folder တွေအောက်ကို မထားပဲ Root  Directory အောက်မှာပဲ ရွေးပေးပါ(ကျွန်တော် အနေနဲ့ Drive D: ကိုရွေးပေးထားပါတယ်)။ အားလုံးရွေးပြီးသွားပြီ ဆိုရင်တော့ GO  button  ကိုသာနှိပ်လိုက်ရုံ ပါပဲဗျာ။ပြီးသွားရင်တော့ မိမိ Output ထားခဲ့ တဲ့ နေရာမှာ 7pe_x86_E.iso နံမည်နဲ့ ISO ဖိုင်ကိုတွေ့ရမှာဖြစ်ပါတယ်(ကျွန်တော်က Drive D: ကို ရွေးထားခဲ့တော့ ISO ဖိုင်က Drive D: အောက်မှာတွေ့ရမှာပါ)။ ကြိုက်နှစ်သက်ရာ  Software သုံးပြီး CD Burn  နိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လဲ ပြီးခဲ့တဲ့ တစ်ခေါက်က Windows 7 Recovery Partition တစ်ခု ဖန်တီးခြင်း ဆိုတဲ့ Post ထဲက အတိုင်း Recovery Partition ထဲကို  Windows 7 Live CD ISO ထဲက ဖိုင်တွေကို ကူးထည့်ပြီး  Easy BCD နဲ့ လုပ်လိုက်ရင် Windows 7 live  Partition ကို ရပါလိမ့်မယ်။ Windows 7 ကို ပုံ မှန် အတိုင်း Install လုပ်ရင်တော့ 4 GB ခန့် နေရာ ယူပေမယ့် Windows 7 Live ကတော့ 262 MB ပဲ နေရာယူတာကို တွေ့ရပါလိမ့်မယ်ဗျ။ အမှားတစ်စုံ တစ်ရာ ပါသွားခဲ့ ရင် တောင်းပန်ပါတယ်ဗျ။











RAR Password:YawStar
YawStar PE Builder Software (172.9 MB)  Download >>>>
https://drive.google.com/file/d/0BzgCjjRj1N9TQlFMb2dpaFVTaUk/edit?usp=docslist_api

Written by

We are Creative Blogger Theme Wavers which provides user friendly, effective and easy to use themes. Each support has free and providing HD support screen casting.

0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me