Sunday, August 13, 2017

YawStar Check MD5

August 13, 2017


==================================================================================
            Current Version : 1.0.5.18
==================================================================================


            မင်္ဂလာပါ။ YawStar Check MD5 မှကြိုဆိုပါတယ်။ ဒီ Software ကလေးကတော့ File တွေရဲ့ Hash Value ကို စစ်ဆေးပြီး MD5 Algorithm Code တွေကိုပြန်လည် Generate ပြုလုပ်ပေးတဲ့ Checksum Program ကလေးပဲ ဖြစ်ပါတယ်။ Hash Value ဆိုတာကတော့ file တစ်ခုမှာပါဝင်တဲ့ map data တွေနဲ့ map data တွေမှာ အသုံးပြုနိုင်တဲ့ ဘယ် function (Entries Codes) တွေကိုမဆို ခေါ်တာဖြစ်ပါတယ်။ ဥပမာ Text ဖိုင်တစ်ဖိုင်အတွင်းမှာ Hello ဆိုတဲ့ စာသားပါဝင်ရင် အဲဒီ ပါဝင်တဲ့ စာသား တွေလို့ အကြမ်းမှတ်ယူနိုင်ပါတယ်။ MD5 ဆိုတာကတော့ Hash function တွေ ထုတ်ပေးရာမှာ အသုံးများလာတဲ့ 128-bit hash value ကို အခြေခံထားတဲ့ Algorithm ပါ။ MD5 ရဲ့အရှည်ကောက်ကတော့ Message Digest algorithm 5 ပါ။ 1991 ခုနှစ်တုန်းက Ronald Rivest က တီတွင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ Algorithm ကို တီထွင်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ ဖိုင်တစ်ဖိုင်မှ Data တွေ ( Text သို့မဟုတ် Bbinary) တွေကိုကြုံကျဘမ်း ကောက်ယူပြီးတော့ input အဖြစ်အသုံးပြုပြီး fixed size "hash value"”ကို ပြန်ပြီး Output ထုတ်ပေးတာဖြစ်ပါတယ်။ input data ကဘယ်လောက်ပဲများများ Output Data ကို Fixed ထုတ်ပေးတာဖြစ်ပါတယ်။
  ဒီ Program ကတော့ File တစ်ခုရဲ့ Hash Value ကို Read ပြုလုပ်ပြီး MD5 Algorithm အနေနဲ့ ပြန်လည်ထုတ်ပေးတဲ့ Checksum Program ဖြစ်ပါတယ်။ ဘာကြောင့် MD5 Algorithm ကိုအသုံးပြုသင့်တာလဲဆိုတော့ မိမိက file တစ်ခုကို ဖန်တီးထားပြီး အဲဒီ ဖိုင်ရဲ့ MD5 Algorithm ကို generate ပြုလုပ်ထားမယ်။ အကယ်လို့ နောက်ထပ်တစ်စုံတစ်ယောက်က မိမိဖန်တီးထားတဲ့ ဖိုင်ကို ပြန်လည်ပြု ပြင်လိုက်မယ်ဆိုရင် Hash Code တွေကွဲသွားမှာ ဖြစ်ပါ တယ်။ အဲဒီအခါ MD5 Algorithm ပြန်ပြီး Generate ပြုလုပ်တဲ့ အခါမှာ မူရင်း MD5 Code တွေနဲ့ တူတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်ရေးထားတဲ့ Program တွေတော်တော်များများမှာ MD5 Algorithm ထုတ်ပေးထားပါတယ်။ ဘာကြောင့် MD5 Algorithm ကို ထုတ်ပေးထားရတာလဲ ဆိုတော့ ကျွန်တော်ရေးထားတဲ့ Program တွေမှာ Malware, Virus, Adware တွေမပါပါဘူး။ အချို့သော Malware, Virus, Adware တွေက Hash Table မှာ သူတို့ရဲ့ infective ဖြစ်နိုင်တဲ့ malicious code တွေကို ပေါင်းထည့်သွားတတ်ကြပါတယ်။ ဒါကိုကျွန်တော်တို့က မသိပဲ မိမိရဲ့ မူရင်းဖိုင် အမှတ်နဲ့ Run လိုက်တဲ့ အခါမှာ မိမိရဲ့ စက်ထဲကို Virus, Malware, Adware တွေ စတင်ဝင်ရောက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်ရေးသားထားတဲ့ Program မှာ Virus, Malware Adware နဲ့ အခြား malicious code တွေမပါပေမယ့် အသုံးပြုသူရဲ့စက်မှာ Virus, Malware, Adware တွေ Run နေပါက ကျွန်တော့် Program ရဲ့ Hash Table မှာ Code တွေကို ထပ်ပေါင်းပြီး ရေးသွားနိုင်ပါတယ်။ အဲဒီ အခါမှာ MD5 Algorithm ကိုပြန်စစ်ကြည့်ခြင်းအားဖြင့် မူရင်းဖိုင် မဟုတ်ဘူး ဆိုတာကို စစ်ဆေးသိရှိနိုင်ပါတယ်။ ဒါအပြင် ဒီ Program ကလေးမှာ File နှစ်ခုရဲ့ MD5 Algorithm ကို Compare ပြုလုပ်ပြီး ကိုက်ညီပါက MD5 ကို အစိမ်းရောင်နဲ့ပြသပေးမှာဖြစ်ပြီး မကိုက်ညီပါက အနီရောင်နဲ့ပြသပေးတာ၊ MD5 File ကို Generate ပြုလုပ်ပေးတာ၊ စတဲ့ Function တွေပါပါတယ်။ အသုံးပြုနည်းကလဲ မခက်ပါဘူး မိမိ Compare ပြုလုပ်လိုတဲ့ File နှစ်ခုကို File 1 နဲ့ File 2 ဆီကို Drag and Drop ဆွဲချပေးလိုက်ရုံပါပဲ။
  ဒီ Program ကလေးကို C++ Programming Language ကိုအသုံးပြုပြီးတော့ ကျွန်တော်ကိုယ်တိုင်ရေးထားပါတယ်။ ဒီ Program ကလေးမှာ Virus, Malware, Adware, Ransomware တွေလုံးဝမပါဝင်ပါဘူး။ ပြီးတော့ Download ယူထားတဲ့ Zip File အောက်မှာလဲ MD5 Algorithm ဖိုင် ပါပါတယ်။ MD5 Algorithm စစ်ကြည့်လို့ မကိုက်ညီဘူးဆိုရင်တော့ ပြန်လည်ပြုပြင်ထားတာ၊ သို့မဟုတ် Code တွေကို အစားထိုးပြုပြင်ထားတာ တို့ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်ပါ တယ်။ ဒီ Program ကလေးကို နောက်ထပ် Version တွေမှာ ပိုကောင်းတဲ့ Feature တွေထပ်ထည့်သွားမှာဖြစ်ပါတယ်။ ဒီ Program ကလေးနဲ့ ပါတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိတာဖြစ်စေ၊ ဝေဖန်အကြံပြုလိုတာဖြစ်စေ၊ တစ်ဘက်တစ်လမ်းမှ ကူညီချင်တာဖြစ်စေ၊ Programmer ထံသို့ Donation ပြုလုပ်လိုတာဖြစ်စေ yawstar.2009@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။ ဒီ Program ကလေးကို မည်သူမဆို အခမဲ့ အသုံးပြုနိုင် သလို ပြန်လည်ပြီး တော့လဲ မျှဝေ အသုံးပြုနိုင်ပါတယ်။




 

====================================================================

Download (YS Page) >>https://yawstar.blogspot.com/p/yawstar-check-md5.html

Written by

We are Creative Blogger Theme Wavers which provides user friendly, effective and easy to use themes. Each support has free and providing HD support screen casting.

0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me