Wednesday, July 1, 2015

M-Disc ဆိုတာ ဘာလဲ

July 01, 2015



M-Disc ဆိုတာ ဘာလဲ
===========================================================================

ယနေ့ ကျွန်တော်တို့ သုံးနေကြတဲ့ Data  Storage နည်းပညာတွေ တော်တော်များများရှိပါတယ်။ Tape Drives တွေကနေ Hard Disk,  SSD တွေအထိ မျိုးစုံအောင်ပေါ့ဗျာ။ ဒါပေမယ့် သူတို့မှာ သက်တမ်းရှိပါတယ်။ ဥပမာ
HDD ဆိုရင် ၃နှစ်မှ ၇နှစ် အထိ (Magnetic Type)
SSD ဆိုရင်တော့ ၁၀နှစ် မှ ၁၉ နှစ်ခန့်
DVD Disc တစ်ခုက ၆လ ခန့်
Flash Drive တစ်ခုရဲ့ သက်တမ်းဆိုရင် ၅နှစ်မှ ၉ နှစ်ခန့်
Tape  Drive တွေဆိုရင် သက်တမ်း ၁၅ နှစ်ခန့်
အသီးသီးရှိပါတယ်။ ဒါပေမယ့် အကိုင်ကြမ်းရင်တော့ ကြမ်းသလို အပျက်မြန်မှာပေါ့နော်။
ဒီအတိုင်းသာဆိုရင် ဆယ်စုနှစ်တစ်ခုလောက်တောင် မထိန်းသိမ်းနိုင်ကြပါဘူး။  ဒါဆိုရင် ကျွန်တော်တို့ရဲ့  အမှတ်တရတွေ၊ သမိုင်းမှတ်တမ်းတွေကို ဘယ်လိုနည်းနဲ့ နှစ် ၁၀၀ တိုင်အောင် သိမ်းဆည်းကြမလဲဆိုတာပါ။
M-Disc နည်းပညာ
 M-Disc ဆိုတာနည်းပညာသစ်ဖြင့် ပြုလုပ်ထားတဲ့ Mellenniata က ထုတ်တဲ့ M-Disc ဆိုတဲ့ DVD ဟာ တစ်ခါရေးမှတ်ထားရင် နှစ်ပေါင်း ၁၀၀၀ ကျော် ကြာရှည်ခံနိုင်တယ်လို့ ဆိုပါတယ်။ ထောင်စုနှစ်တစ်ခုလောက်တော့ မပျက်မဆီးပဲ တည်ရှိနိုင်တယ်လို့ အာမခံထားပါတယ်။
ဘယ်လိုနည်းနဲ့ သိမ်းဆည်းလဲ?
သာမာန် DVD တစ်ချက်ဟာ Laser ရောင်စဉ်တမ်းကို အသုံးပြုပြီး Organic Dye Layer တွေပေါ်မှာ အမှတ်အသားတွေ ပြုလုပ်ပါတယ်။ အဆိုပါ Layer တွေဟာ အလင်း၊ အပူ၊ ဓာတ်ပစည်းတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ပျက်စီးပြီး၊ မှတ်သားထားတာတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘယ်လိုပဲ သေချာစွာ သိမ်းဆည်းထားပါစေ၊ ဓာတ်ပြုပြောက်ကွယ်သွားနိုင်တဲ့ Organic Layer တွေကြောင့် မိမိရဲ့ အချက်အလက်တွေဟာ အချိန် အပြောင်းအလဲမှာပင် သုံးမရဘဲ ဆုံးရှုံးပျက်စီးသွားနိုင် ပါတယ်။
M-Disc တွေမှာတော့ ဓာတ်မပြုနိုင်နဲ့ Inorganic Layer တွေကို အသုံးပြုထားပြီး၊ အားကောင်းတဲ့ Laser ရောင်စဉ်တမ်းတွေနဲ့ ရေးမှတ်ပြီး၊ အဲ့ဒီရေးမှတ်ထားတဲ့ အမှတ်အသားတွေ (တကယ်တော့ On/Off 0/1 တွေကို အပေါက်လေးတွေ ဖောက်ပြီးမှတ်သားထားခြင်း ဖြစ်ပါတယ်။ ဥပမာ 1 ကို အပေါက်တစ်ခု၊ 0 ကို အပေါက်မဟုတ်တာ တစ်ခု) မပျောက်ပျက်သွားအောင် Layer တစ်ခုနဲ့ ကာကွယ်ပေးထားပါတယ်။
US National Standards Institute ကနေ စမ်းသပ်ချက်အရ နှစ်ပေါင်း ၁၀၀၀ လောက် အနည်းဆုံး မပျက်မစီးဘဲ တည်တံ့နိုင်မယ်လို့ ဆိုပါတယ်။ များစွာသော စမ်းသပ်ချက်တွေ အရ US Military Standard ပြည့်မီတဲ့ အရည်သွေးရှိတယ်လို့ ဆိုပါတယ်။
Price and Devices!!
လက်ရှိအချိန်မှာ M-Disc တွေကို ၅ချပ်၊ ၁၀ချပ် ၁၅ချပ်ဆိုပြီး ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းတွေ ကတော့ 20$,30$ နဲ့ 72$ အသီးသီးရှိပါတယ်။
Millenniata နဲ့ Optical Storage Media တွေထုတ်လုပ်တဲ့ RITEK Corporation တို့ပူးပေါင်းပြီး M-Disc တွေ ထုတ်လုပ်ဖို့ သဘောတူညီချက် ရရှိထားပြီး M-Disc တွေကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။
M-Disc တွေကို ရေးဖို့ အတွက် Drive တွေကို LG ကနေ ထုတ်လုပ်ပေးလျက်ရှိပြီး၊ ဖတ်ဖို့ကတော့ သာမန် Disc Drive တွေ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ M-Disc တွေဟာ Read Only/Write Once ဖြစ်တဲ့အတွက် တစ်ခါရေးပြီးနောက်တစ်ခါ ထပ်ရေးလို့ရမှာ မဟုတ်ပါဘူး။ ReWritable Disc တွေတော့ လက်ရှိမှာ မထုတ်လုပ်ထားသေးပါဘူး။ Dell Inc ကလည်း Europe နိုင်ငံတွေအတွက် M-Disc Drive တွေ ထုတ်လုပ်ပေးဖို့ ယခုလပိုင်းက သဘောတူညီချက်ရရှိထားပါတယ်။
M-Disc တွေကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ၀ယ်ယူအသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ M-Disc တွေဟာ သာမာန် Disc တွေနဲ့ မတူပဲ ကွဲပြားပါတယ်။ Disc တွေဟာ ဟိုဘက်ဒီဘက် ထုတ်ခြင်းပေါက် မြင်နိုင်ပြီး၊ သာမာန် Disc တွေကဲ့သို့ ရောင်ပြန် အလွှာမပါဝင်ပါဘူး။ သိမ်းဆည်းနိုင်တဲ့ Data ပမါဏကတော့ ပုံမှန် DVD တစ်ချက်ကဲ့သို့ 4.7GB ရှိပါတယ်။
သားစဉ်မြေးဆက် ထိန်းသိမ်းသွားဖို့အတွက် အဖိုးတန်တဲ့ အချက်အလက်တွေကို သိမ်းဆည်းသွားချင်တယ် ဆိုရင်တော့ ထောင်စုနှစ်တိုင် မပျောက်မပြက်ဘဲ တည်တံ့နိုင်မဲ့ M-Disc တွေကို ရွေးချယ် အသုံးပြုနိုင်ဖို့ သတင်းပေးလိုက်ရပါတယ်။ (ခဏခဏ M-Disc ဆိုတာဘာလဲ မေးကြလွန်း လို့ တင်ပေးလိုက်ပါ။)
Official Video
M-Disc Testing Video

Reference: Google, Youtube, Wikipedia, Engadget, Millenniata.com




Written by

We are Creative Blogger Theme Wavers which provides user friendly, effective and easy to use themes. Each support has free and providing HD support screen casting.

0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me