Tuesday, July 7, 2015

My Lockbox Pro နဲ့ ဖွက်ထားတဲ့ ဖိုင်တွေကို Password မသိဘဲနဲ့ ဖေါက်ကြည့်မယ်..

July 07, 2015



ကဲဒီတစ်ခါတော့ My Lockbox ဆိုတဲ့ Software လေးကို နဲနဲလောက် Hack ကြည့်ကြရအောင်ဗျာ။ သူကတော့ Folder Locker လို Password ကို Registry မှာ မသိမ်းပဲ သူ့ရဲ့ Path မှာ AES-128 နဲ့ Encrypt လုပ်ပြီးသိမ်းထားလို့ Crack လုပ်မယ်ဆိုရင်တော့ အရမ်းကြာလိမ့်မယ်ဗျ။ ဒါပေမယ့် သူ့ Hide လုပ်ခဲ့ တဲ့  Folder ကိုတော့ ပုံမှန်အတိုင်းပဲ Hide လုပ်ထားလို့ အလွယ်တကူ ပြန်ဖေါ်နိုင်ပါတယ်။ ပြီးတော့ My Lockbox ရဲ့ Password ကိုမေ့ သွားလို့ အခက်တွေ့နေသူများ လဲ လိုက်လုပ်နိုင်တာပေါ့ဗျာ။ ကဲ လိုက်ကြရအောင် အောက်မှာ ပုံလေးတွေနဲ့ ပြထားတယ်ဗျ။ ပုံထဲက အတိုင်းပဲ ကျွန်တော် C:\ အောက်တည့်တည့်မှာ DJ-Soda ဆိုတဲ့ Folder ကို ပြုလုပ်ထားပါတယ်။ ပြီးတော့အဲဒီထဲမှာ DJ Soda.jpg ဆိုတဲ့ ဖိုင် တစ်ခုပါပါတယ်။ အဲဒီ Folder နဲ့ ဖိုင်ကို My Lockbox Pro နဲ့ ဖွက်လိုက်ပါမယ်။ အောက်နားကပုံမှာပြထားတဲ့အတိုင်းပဲ AlphaZawgyi ဆိုတဲ့ Folder နဲ့ Intel ဆိုတဲ့ ကြားမှာ Dj-Soda ဆိုတဲ့ Folder ပျောက်သွားတာကို တွေ့ရမှာပါ။ ဟုတ်ပြီ ဗျ အဲဒီ ပျောက်သွားတဲ့ Folder ကို CMD နဲ့လဲ ပြန်ဖေါ်လို့မရပါဘူး။ နောက်ပြီးတော့ အဲဒီ C:\ အောက်တည့်တည့်မှာလဲ DJ-Soda ဆိုတဲ့ နံမည်နဲ့ Folder ကို Create လို့မရပါဘူး။ ကောင်းပြီဗျ အဲဒီ Folder ထဲက ဖိုင်ကို ဘယ်လို ပြန်ယူမလဲဆိုတော့ အရင်ဆုံး ToolUndelete ဆိုတဲ့ tool ကို သုံးသွားမှာဖြစ်ပါတယ်။ အေက်မှာ ကျွန်တော် ToolUndelete ဆိုတဲ့ Tool လေးရဲ့ link ကိုပေးထားပါတယ်။ အဲဒီ ToolUndelete ဆိုတဲ့ Application လေးကိုဖွင့်လိုက်ပြီး စောစောကဖွက်လိုက်တဲ့ C: အောက်ကိုသွားလိုက်ပါ (ကျွန်တော်တို့က C:\ အောက်မှာ Folder ကို ဖွက်ထားခဲ့တာကိုး) အဲ ဒီအောက်ကို ရောက်သွားတာနဲ့ ညာဘက်မှာ ဖွက်ထားတဲ့ DJ-Soda ဆိုတဲ့ Folder ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ DJ-Soda ဆိုတဲ့ Folder ထဲကိုထပ်ပြီးတော့ ၀င်လိုက်တာနဲ့ ဖွက်ထားတဲ့ DJ Soda.jpg ဆိုတဲ့ ဖိုင်ကို ထပ်တွေ့ရ မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အဲဒီ DJ Soda.jpg ဆိုတဲ့ File ကို Right Click နှိပ်ပြီး Copy to… ရွေးပြီး Desktop ပေါ်ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင်တော့ My Lockbox Pro နဲ့ ဖွက်ထားတဲ့ ဖိုင်တွေကို Password မသိပဲနဲ့ အလွယ်တကူ ယူနိုင်ပါပြီ။ ကောင်းပါပြီ ဖွက်ထားတဲ့ Files တွေရဲ့ List တွေကို ဘယ် မှာရှာရမလဲဆိုတော့ My Lockbox Pro ကို Install လုပ် ထားတဲ့ Path မှာ Config ဆိုတဲ့ ဖိုင်ရှိပါတယ်။ အဲဒီ  File ကို Dcompile လုပ်ပြီး ဘယ်နေရာမှာ File, Folder တွေကိုဖွက်ထားလဲဆိုတာကို ရှာနိုင်ပါတယ်။ ဒီအဆင့်ကိုတော့ ကျေးဇူးပြုပြီး ချန်ထားပါရစေဗျာ။ ဘာလို့လဲဆိုတော့ နေရာတကာ အကုန် လိုက်ပြောနေရင် သိတယ်မို့လား ၀ိုင်းရိုက်တာ ခံရနိုင်တယ်ဗျ။ အခုက Post တော့ My Lockbox Pro ရဲ့ Password မေ့သွားလို့ ဒုက္ခရောက်နေတဲ့ သူ တွေအတွက်ပါ။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ My Lockbox Pro နဲ့ ToolUndelete တို့ရဲ့ link ပေးထားပါတယ်။


အထက်ကပုံအတိုင်းပဲ ကျွန်တော့် ရဲ့ C:\ အောက်တည့်တည့်မှာ DJ-Soda ဆိုတဲ့ Folder ရှိပါတယ်။

အဲဒီ DJ-Soda ဆိုတဲ့ Folder အောက်မှာ အထက်က ပုံထဲကအတိုင်း Dj Soda.jpg ဆိုပြီး Image File တစ်ခုရှိပါတယ်။

ဒါကတော့ My Lockbox Pro ကို ၀င်ဖို့ Password ထည့်နေတာပါ။

ဒီပုံကတော့ ဖွက်လိုတဲ့ Folder ကိုရွေးခိုင်းနေတာဖြစ်ပါတယ်။

C: အောက်မှာ ရှိတဲ့ DJ-Soda ဆိုတဲ့ Folder ကို ဖွက်ဖို့အတွက် ရွေးလိုက်တာဖြစ်ပါတယ်။

ဒါဆိုရင်တော့ Folder ကို ထည့်သွင်းသွားပြီဖြစ်ပါတယ်။

C: အောက်မှာ  DJ-Soda ဆိုတဲ့ Folder မရှိတော့ပါဘူး။

Tool Undelete ကိုဖွင့်ပြီးသွားရင် C: အောက်ကိုသွားလိုက်ပါတယ်။

အဲဒီ C: အောက်မှာ ဖွက်ထားတဲ့ DJ-Soda ဆိုတဲ့ Folder ကို တွေ့မြင်နေရပါပြီ။

ဖွက်ထားတဲ့ DJ-Soda ဆိုတဲ့ Folder ထဲကို ၀င်လိုက်ရင် ဒီလိုထပ်မြင်ရပါမယ်။

ဒါဆိုရင်တော့ ဖွက်ထားတဲ့ ဖိုင်ကို Right Click နှိပ်ပြီး Copy to ... ကို ထပ်နှိပ်လိုက်ပါတယ်။


လွယ်ကူအောင် Desktop ပေါ်ကိုပဲ Copy ကူးလိုက်ပါတယ်။

ဒါဆိုရင် တော့ ဒီပုံထဲကအတိုင်းပဲ Desktop ပေါ်ကို DJ Soda.jpg ဆိုတဲ့ ဖွက်ထားတဲ့ ဖိုင်လေး ရောက်သွားမှာဖြစ်ပါတယ်။

ပုံမှာတွေ့တဲ့အတိုင်းပဲ ဖိုင် အရည်အသွေး ပြောင်းလဲသွားခြင်းမရှိပဲ My Lockbox Pro နဲ့ဖွက်ထားတဲ့ ဖိုင်တွေကို ဖောက်ကြည့်လို့ရပါပြီ။


My Lockbox Pro Download >>>>>>
https://app.box.com/s/d6lbwnj28rigzxk7zekyqsl28ttpwq6h




ToolUndelete Download >>>>>>> 
https://app.box.com/s/2khanmsojb3ghz06wwd01v3cnpl96t9c



Written by

We are Creative Blogger Theme Wavers which provides user friendly, effective and easy to use themes. Each support has free and providing HD support screen casting.

0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me