YawStar Bandwidth Manager Buy

===============================================================================
  How to "Buy YawStar Bandwidth Manager"
===============================================================================
  မင်္ဂလာပါ။ YawStar Bandwidth Manager ကို ၀ယ်ယူ အသုံးပြုမယ်ဆိုရင်တော့ ဒီ Page မှ စာများ နဲ့ သဘောတူညီချက် လိုင်စင်များကို သေချာလေးဖတ်ပါ။

YawStar Bandwidth Manger License Information
  YawStar Bandwidth Manager ကို လိုင်စင် ကို မြန်မာကျပ်ငွေ ၁၀၀၀၀ (တစ်သောင်း) ကျပ်နှင့်  ၀ယ်ယူ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရာမှာ မိမိ Computer တစ်လုံးတည်းသာ အသုံးပြုရမှာဖြစ်ပြီးအခြားသူ ရဲ့ Computer ထံသို့ ကူးပြောင်း အသုံးပြုလို့မရပါ။ လိုင်စင် သက်တမ်းမှာ Life Time( တစ်သက်လုံးသုံး) ဖြစ်ပါ တယ်။ သို့သော် Update Version အတွက် မပါဝင်ပါဘူး။ ဆိုလိုသည်မှာ YawStar Bandwidth Manager version 2.0.0.0 ကို လိုင်စင် ၀ယ်ယူအသုံးပြုထားပေမယ့် နောက်ထွက်တဲ့ Version အသစ် 2.1.0.0 ကို အသုံးပြုချင်ရင်တော့ လိုင်စင် ထပ်ဝယ်ရပါမယ်။

  • အသုံးပြုနိုင်သော Computer အရေအတွက် = 1-PC
  • အသုံးပြုနိုင်သော သက်တမ်း = Life Time
  • ၀ယ်ယူရမည့် တန်ဘိုး = ၁၀၀၀၀ (တစ်သောင်း) ကျပ်
  • အသုံးပြုရမည့်ငွေပေးချေမှု စနစ် = Wave Money

===> YawStar Bandwidth Manager ရဲ့ လိုင်စင် မှာယူနည်း <===

အဆင့်-၁
   ပထမဆုံး လိုင်စင်မှာယူရာ မှာ မရှိမဖြစ် ပြုလုပ်ရမည့် Product ID သိအောင် အရင် လုပ်ရပါမယ်။ မိမိရဲ့ Product ID ကို ဘယ်လိုရှာရမလဲ ဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း Start Menu ကို နှိပ်ပါ ( ကျွန်တော် ကတော့ Windows 10 တင်ထားလို့ Windows 10 Start Menu ပေါ်လာတာဖြစ်ပါတယ်။ မိတ်ဆွေတို့မှာ တော့ တင်ထားတဲ့ Windows အပေါ်မူတည်ပြီး ကွဲနိုင်ပါတယ်။) 





အဆင့်-၂
   Start Manu ပေါ်လာရင်တော့ အောက်ပါပုံ အတိုင်း All apps ကို ထပ်နှိပ်ပါ။ ( Windows 7 မှာတော့ All programs နံမည်နှင့် ရှိနိုင်ပါတယ်။)





အဆင့်-၃
   All apps ကို နှိပ်ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း YawStar Bandwidth Manager ဆိုတဲ့ Folder ကို တွေ့အောင်ပါ။

   


 အဆင့်-၎
   YawStar Bandwidth Manager ဆိုတဲ့ Folder ကို တွေ့ရင် Double Click နှိပ်ပြီးဖွင့်ပါ။ အဲဒီ Folder အောက်မှ YS-BWM Activator ဆိုတဲ့ ဖိုင်ကို နှိပ်လိုက်ပါ။





 အဆင့်-၅
   Computer မှာ UAC ( User Account Control ) ကိုမြှင့်ထားရင် UAC မှ မေးပါလိမ့်မယ်။ မေးလာရင် Yes ကို နှိပ်ပေးလိုက်ပါ။ အကယ်လို့ UAC မမြှင့်ထားဘူးဆိုရင် အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။





 အဆင့်-၆
  YawStar Bandwidth Manager Activator Dialog ပေါ်လာတဲ့ အခါမှာ User Name: ဆိုတဲ့ စာသားနဲ့ တည့်တည့်က အကွက်ထဲမှာ မိမိ ရဲ့ နံမည်ကို ရိုက်ထည့်ပါ။ နံမည် ကို မရိုက်ချင်ဘူး ဆိုလဲ မိမိ ရဲ့ E-Mail ကို ရိုက်ထည့်လို့လဲ ရပါတယ်။ ဒါပေမယ့် ၀ယ်ယူမည့် လိုင်စင် Key ကို ထည့်တဲ့ အချိန်မှာ နံမည် ပြန်ပြောင်း လို့တော့ ရမှာမဟုတ်ပါဘူး။ (နမူနာ အနေနဲ့ ကျွန်တော်ရဲ့ E-mail ကို ရိုက်ထည့်ထားပါတယ်။)




 အဆင့်-၇
  YawStar Bandwidth Manager Activator Dialog မှာ Name ကို ရိုက်ထည့်ပြီးသွားရင်တော့ အောက်ပါ ပုံ မှာပြထားတဲ့အတိုင်း Save ဆိုတဲ့ Button ကို နှိပ်ပေးလိုက်တာနဲ့ အောက်ပါပုံမှာ ပြထားတဲ့ အတိုင်း Save Successful ဆိုပြီး Message Box ပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့သင့်ရဲ့ Desktop ပေါ်မှာ YS-BWM Procuct ID.txt ဆိုပြီး Text File ကလေးတစ်ခု ရပါလိမ့်မယ်။



 အဆင့်-၈
  ရလာတဲ့ YS-BWM Product ID မှ စာသားတွေကို အကုန်ကူးပြီး yawstar.2009@gmail.com ထံသို့ Purchase YawStar Bandwidth Manager ဆိုတဲ့ Subject နဲ့ E-mail ပို့ပေးလိုက်ပါ။
  ငွေချေပြီးတာနဲ့ License Key ကို သင့်ထံ E-mail မှတဆင့် ပြန်လည်ပို့ပေးသွားမှာဖြစ်ပါတယ်။
===============================================================================

0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me