YawStar Bandwidth Manager Help

===============================================================================
Installation "YawStar Bandwidth Manager"
===============================================================================

  ပထမဆုံး YawStar Bandwidth Manager ကို Install ပြုလုပ်တဲ့ နည်းကို ရှင်းပြပေးပါ့မယ်။ အဆင့် (၁၀) ဆင့်ရှိပါတယ်။

အဆင့်-၁
   ပထမဆုံး Download ပြုလုပ်လို့ရတာတဲ့ Setup ဖိုင်ကို နှစ်ချက်နှိပ်ပြီးဖွင့်လိုက်တဲ့အခါ အောက်မှာပြထား တဲ့ပုံအတိုင်း System Performance ကိုစစ်ဆေးပါလိမ့်မယ်။ စစ်ဆေးမှုပြီးဆုံးအောင် စောင့်ပေးလိုက်ပါ။


အဆင့်-၂
    ပထမအဆင့် System Performance ကိုစစ်ဆေးလို့ အဆင်ပြေတယ်ဆိုရင်တော့ အောက်ပါ ပုံအတိုင်း Network Driver ကို စတင် Install ပြုလုပ်မှဖြစ်ပါတယ်။ အောက်ပါပုံပေါ်လာရင် Next ကို နှိပ်လိုက်ပါ။ 

 



အဆင့်-၃
    အဆင့်-၂ မှ Next ကို နှိပ်ပြီးသွားရင်တော့ အောက်ပါပုံအတိုင်း အသုံးပြုသူအတွက် လိုင်စင် သဘောတူ ညီချက်ပေါ်လာပါမယ်။ ပေါ်လာရင် Yes ကို နှိပ်လိုက်ပါ။
 



အဆင့်-၎
     လိုင်စင် သဘောတူညီချက် မှာ Yes ကို နှိပ်လိုက်ပြီးရင်တော့ အောက်ပါပုံထဲကအတိုင်း ပေါ်လာမှာဖြစ်ပါ တယ်။ မိမိတစ်ယောက်တည်းသာ အသုံးပြုချင်ရင် Current user only ကို ရွေးထားပါ( ပုံမှန်ဆိုရင်တော့ ဒီ အဆင့်မှာ ဘာမှမပြင်ပဲ Install ) ကိုသာနှိပ်လိုက်ပါ။
 



အဆင့်-၅
    ဒီအဆင့်မှာတော့ အောက်ပါပုံအတိုင်း လိုအပ်တဲ့ Network Driver ကို စက်ထဲကို Install နေပါလိမ့်မယ်။ ပြီးသွားအောင် စောင့်ပေးပါ။ ( သတိပေးချက်၊ အောက်မှ Cancel ကိုလုံးဝမနှိပ်ပဲ ပြီးသွားအောင် စောင့်ပေး လိုက်ပါ။ တစ်စုံတစ်ခု မှားတာနဲ့ Installation အောင်မြင်မှာ မဟုတ်ပါဘူး။)
 


အဆင့်-၆
   Driver Installation အဆင့် ပြီးသွားတာနဲ့ အောက်ပါ ပုံထဲကအတိုင်း ပေါ်လာပါလိမ့်မယ်။ Finish ဆိုတဲ့ Button ကို နှိပ်ပြီး ပိတ်လိုက်ပါ။ 
 




အဆင့်-၇
   Driver Installation ကို Finish ပြုလုပ်ပြီးတာနဲ့ YawStar Bandwidth Manager ကို စတင် Install သွားမှာ ဖြစ်ပါတယ်။ အောက်ပါပုံအတိုင်း Install မည့် Wizard ပေါ်လာပါလိမ့်မယ်။ အောက်ပါပုံအတိုင်း ပေါ်လာရင် Next ကို နှိပ်ပေးလိုက်ပါ။



အဆင့်-၈
   အဆင့်-၇ မှာ Next ကို နှိပ်ပြီးတာနဲ့ YawStar Bandwidth Manager ကို စတင် Install ဖို့အဆင်သင့်ဖြစ် နေပြီဖြစ်လို့အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။ အဲဒီအခါ Install ကို ထပ်နှိပ်ပေးလိုက်ပါ။



အဆင့်-၉
  YawStar Bandwidth Manager ကို အောက်ပါပုံအတိုင်း Install နေမှာဖြစ်ပါတယ်။ ပြီးဆုံးသွားအောင် စောင့်ပေးလိုက်ပါ။



အဆင့်-၁၀
     Install လို့ပြီးသွားတာနဲ့ Installation ပြီးဆုံးသွားကြောင်းကို အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။ အဲ ဒီအခါ Launch YawStar Bandwidth Manager ဆိုတဲ့ Check Box ကိုအမှန်ခြစ်တပ်ထားပြီး Finish ကိုနှိပ် ပေးလိုက်ပါ။


 အောက်ပါပုံအတိုင်း  ပေါ်လာရင်တော့ YawStar Bandwidth Manager ကို Installation ပြုလုပ်တာ အောင်မြင်စွာပြီးဆုံးသွားပြီမို့ YawStar Bandwidth Manager ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

==================================================================================






0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me