YawStar Movies Manager

===========================================================
Current Version : 0.5.8.3
===========================================================


            မင်္ဂလာပါ။ YawStar Movies Manager မှကြိုဆိုပါတယ်။ ဒီ Software ကလေးကတော့ Movies တွေကို တစ်နေရာတည်းမှာ စုထားပြီး ပြန်ဖွင့်ချင်တဲ့ အခါ မှာ အချိန်ကုန်ခံပြီး ရှာနေစရာ မလိုအောင်လို့ အထူးရေးဆွဲ ထားတဲ့ Software ကလေးတစ်ခုပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Internet Download Speed တွေကို မြန်ဆန်စွာ အသုံးပြုလာနိုင်ပြီ ဆိုတော့ Chennal Myanmar တို့ Gold Channel တို့ကနေ Movies တွေကို ဒေါင်းယူနေကြပါပြီ။ မိမိ ဒေါင်းယူထားတဲ့ Movies ဖိုင်တွေရဲ့ Name, Rating, Release Date, Cast, Director စတဲ့ Information တွေကိုပါ ပြသပေးပြီး Play ချင်ရင် အလွယ်တစ်ကူ ရှာပြီး Play နိုင်အောင် ပြုလုပ်ထားပါတယ်။ အသုံးပြုထားတာကတော့ TMDb မှ Database တွေကို အသုံးပြုထားပါတယ်။ အစကတော့ IMDb ကနေသုံးမလို့ပါပဲ ဒါပေမယ့် IMDb က API မရှိလို့ TMDb ကိုပဲ သုံးလိုက်တာဖြစ်ပါတယ်။ ဒီ Software ကလေးက အရင် တင်ခဲ့တဲ့ YawStar Player နဲ့ တွဲသုံးဖို့အတွက် ရေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ Movies တွေကို ကြည့်တဲ့အခါမှာ Movies တွေရဲ့ Information တွေကိုပါ တစ်ခါတည်း သိနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ မိမိ ကြည့်လိုတဲ့ Movies ရဲ့ Name ကို ရိုက်ထည့်လိုက်တာနဲ့ Database မှာရှာပြီး ပြသပေးသလို ကြည့်လိုတဲ့ Actor ကိုရိုက်ပြီး ရှာနိုင်ပါသေးတယ်။ ဥပမာ The Mummy ဇတ်ကားကို ကြည့်ရှုလိုပါက The Mummy လို့ရိုက်ပြီးရှာလိုက်တာနဲ့  Movies Database ထဲမှာရှိတာနဲ့ The Mummy ပထမကားကနေ အခုနောက်ဆုံးထွက်ထားတဲ့ The Mummy ကားအထိ ပြသပေး မှာဖြစ်ပါတယ်။ အကယ်လို့ Search Online ကို အမှန်ခြစ်တပ်ထားတာနဲ့ Online ကနေ The Mummy နဲ့ပါတ်သက်တာတွေကို ရှာပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Jackie Chan ပါတဲ့ Movies တွေ ကိုပဲ ကြည့်ရှုမယ်ဆိုလဲ Search မှာ Jackie Chan ဆိုပြီး ရိုက်ရှာလိုက်တာနဲ့ Jackie Chan ပါဝင်တဲ့ Movies တွေကိုပြသပေးမှာဖြစ်ပါတယ်။ Jason Data တွေကို Read လုပ်ဖို့Plugin အဖြစ်အသုံးပြုထားတာကတော့  Newtonsoft.Json ကိုအသုံးပြုထားပါတယ်။ Default အနေနဲ့ Play ပေးမည့် Player ကတော့ ကျွန်တော်ရေးထားတဲ့ YawStar Player ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုမယ်ဆိုရင်တော့ YawStar Player ကို Computer မှာ Install ထားဖို့လိုပါမယ်။
  ဒီ Software ကလေးကို DotNet Framework 3.5 ကိုအသုံးပြုပြီး C# WPF နဲ့ရေးထားတာမို့ DotNet Framework 3.5 Feature ကို Enable ပြုလုပ်ထားဖို့လိုပါတယ် ( Windows 7 ဆိုရင်တော့ DotNet 3.5 ကို သပ်သပ် Enable လုပ်စရာ မလိုပေမယ့် Windows 8, Window 8.1, Window 10 တို့ဆိုရင်တော့ Enable လုပ်ထားဖို့လိုပါတယ်)။ ဒါ့အပြင် Run ဖို့အတွက် အနည်းဆုံး Screen Resolution 1366 x 768 ရှိဖို့တော့ လိုပါတယ်။ ဒီ Software ကလေးမှာ Virus, Malware, Ransomware, တွေလုံးဝ မပါကြောင်း အာမခံပါတယ်။ ပြီးတော့ Download ယူထားတဲ့ Zip File အောက်မှာ MD5 Algorithmဖိုင်ပါပါတယ်။ MD5 Algorithm စစ်ကြည့်လို့ မကိုက်ညီ ဘူးဆိုရင်တော့ ပြန်လည်ပြုပြင်ထားတာ၊ သို့မဟုတ် Code တွေကို အစားထိုးထားတာ တို့ ပြုလုပ်ထားတဲ့ ဖိုင်ဖြစ်ပါတယ်။ ဒီ Software ကလေးကို နောက်ထပ် Version တွေမှာ ပိုကောင်းတဲ့ Feature တွေထပ်ထည့်သွားမှာ ဖြစ်ပါတယ်။ ဒီ Software ကလေးနဲ့ပါတ်သက်ပြီး တစ်စုံတစ်ရာ အခက်အခဲရှိတာဖြစ်စေ၊ ဝေဖန်အကြံပြုလိုတာဖြစ်စေ၊ တစ်ဘက်တစ်လမ်းမှ ကူညီချင်တာဖြစ်စေ၊ Programmer ထံသို့ Donation ပြုလုပ်လိုတာဖြစ်စေ၊ yawstar.2009@gmail.com  ကို ဆက်သွယ်နိုင်ပါတယ်။ ဒီ Software လေးကို မည်သူမဆို အခမဲ့ အသုံးပြုနိုင်သလို ပြန်လည် ပြီးတော့လဲ မျှဝေ အသုံးပြုနိုင်ပါတယ်။ 




====================================================================
System Requirement For YawStar Movies Manager
YawStar Movies Manager ကို မသုံးစွဲမီ သင့်ရဲ့ စက်မှာ အနည်းဆုံး ဒီ Specification ရှိရဲလား စစ်ဆေးပါ။
.Operating System : Windows XP/ Vista/ 7/ 8/ 8.1/ 10
.Memory (RAM) : 256 MB of required.
.Hard Disk Space : 100 MB of free space required.
.Screen Resolution : 1366 x 768
.Processor : Intel Pentium III or later.
====================================================================
INFORMATION
Latest version : 0.5.8.3
Released Date : 08/08/2017
File Size : 741 KB
MD5  :  B344152B9C58772BEE544C7CC767E54B
Package Type : Zip (Archive)
Stable : YES
အသုံးပြုလိုသူများ အောက်ပါ link မှာ ဒေါင်းယူနိုင်ပါတယ်။


Download Link (Link-1)
Download "YawStar Movies Manager" from Mediafire...



Download link (Link -2)

====================================================================


1 comments:

  1. app ထဲမှာမြန်မာဖောင့်မမှန်ဘူး

    ReplyDelete

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me