YawStar U-Tube Downloader

===========================================================
Current Version : 1.5.1.28
===========================================================


ပုံမှန် Main GUI






Download လုပ်လိုတဲ့ Video ရဲ့ Context Menu






Download လုပ်လိုတဲ့ Video Format နဲ့ Quality ရွေးချယ်ပုံ



 ========================================================

မင်္ဂလာပါ။ YawStar U-Tube Downloader ဆိုတာကတော့ Youtube, Vimeo, Daily Motion, Metacafe, iMDB, Facebook, SoundCloud စတဲ့ Websites တို့မှ Video, Audio တွေကို အလွယ်တကူ Download ပြုလုပ်ပေးနိုင်တဲ့ Program ကလေး တစ်ခုဖြစ်ပါတယ်။ Youtube, Facebook တို့မှာ IDM ရဲ့ Download bar ကလေး မပေါ်တော့ဘူး ဆိုရင် ဒီ Program ကလေးနဲ့ Videos တွေကို အလွယ်တကူ Download ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အချို့သော Websites က Videos တွေကို လဲ Download ပြုလုပ်နိုင်ပါသေးတယ်။
အသုံးပြုနည်းကတော့ မိမိ ဒေါင်း ယူလိုတဲ့ Video ရဲ့ URL ကို Copy ကူးယူပြီး YawStar U-Tube Downloader က Add URL ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ အကယ်လို့ Preferences က Monitor Clipboard URL ကို ဖွင့်ထားပါက Support လုပ်တဲ့ Website က Video တစ်ခုခုရဲ့ URL ကို Copy ကူးလိုက်တာနဲ့ Download လုပ်မှာလား ဆိုပြီး Notification တစ်ခုတက်လာပါလိမ့်မယ်။ တက်လာတဲ့ Notification ကို နှိပ်လိုက်တာနဲ့ Download လုပ်မယ့် Video ကို List ထဲကို ထည့်ပေးပြီး Download Information တွေကို ယူပေးပါ လိမ့်မယ်။ ရလာတဲ့ List မှ မိမိ ဒေါင်းယူလိုတဲ့ Format နဲ့ Quality ကို ရွေးချယ်ပြီး Download ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ စတင် Download ပြုလုပ်ပြီ ဖြစ်ပါတယ်။
Download လုပ်ရာမှာလဲ Subtitle ပါရင် Subtitle ကိုပါ ဒေါင်းပေးတာ၊ Youtube နဲ့ အချို့ Site က Videos တွေဆိုရင် Description ဖိုင်ကိုပါ ဒေါင်းပေးတာ စတဲ့ Feature တွေပါသလို Download လုပ်ပြီးပါက Computer ကို Shutdown လုပ်တာ၊ Restart လုပ်တာ၊ Download လုပ်ပြီးသွားတဲ့ Video ကို ဖွင့်ပေးတာ စတဲ့ Feature တွေလဲ ပါဝင်ပါတယ်။ Download ပြုလုပ်မည့် Video က 4K Video ဆိုရင်လဲ 4K Video အထိ Download ပြုလုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် Mp3 ပြောင်းပေးတာ၊ ပြောင်းပေးတဲ့ MP3 ကို Cover Album Photo ထည့်ပေးပြီး Tag လုပ်ပေးတာတွေကအစ ထည့်သွင်းပေးထားပါတယ်။
Download ပြုလုပ်ရန် Supported လုပ်တဲ့ Websites များကတော့
  1. Youtube
  2. Vimeo
  3. Daily Motion
  4. Metacafe
  5. iMDB
  6. PyVideo
  7. Facebook
  8. SoundCloud
  9. DCTP TV
  10. Digg
  11. Discovery Asia
  12. Twitch

စတဲ့ Websites တွေက Videos, Audios တွေကို ဒေါင်းယူနိုင်ပါတယ်။
Download Info ယူရာမှာ အသုံးပြုထားတဲ့ နည်းလမ်းကတော့ JSON Info ကို အသုံးပြုထားပါတယ်။ Download ပြုလုပ်ရာမှာလဲ Pause လုပ်တာ၊ Resume လုပ်တာ၊ Download Speed ကို ထိန်းတာ စတဲ့ Feature တွေလဲ ပါရှိပါသေးတယ်။
ဒီ Program ကလေးကို Python, C, C++ တို့နဲ့ ရေးသားထားပါတယ်။ Lib ကိုလဲ Microsoft C++ 2010 ရဲ့ Lib ကို အသုံးပြုထားတဲ့အတွက် အသုံးပြုမည့် Computer မှာ Microsoft Visual C++ Redistributable 2010 ကို တင်ထားဖို့တော့ လိုပါတယ်။ အကယ်လို တင်မထားဘူး ဆိုရင်လဲ Program မှ လိုအပ်တဲ့ File တွေကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒီ Program ကလေးမှာ မည်သည့် Virus, Malware, adware, Spyware, Ransomware တစ်ခုမှ မပါဝင်ကြောင်း အာမခံပါတယ်။ ပြီး တော့ Free Version မို့ မည်သူမဆို အခမဲ့ အသုံးပြုနိုင်သလို မိမိ စိတ်ကြိုက် ပြန်လည် မျှဝေ အသုံးပြုနိုင်ပါတယ်။ ဒီ Program ကလေးနဲ့ ပါတ်သက် ပြီးတော့ လိုအပ်ချက်များ၊ ဝေဖန်အကြံပြုချက်များ၊ ရှိပါက yawstar.2009@gmail.com ထံသို့ Program အမည် နှင့်တကွ E-Mail ပို့နိုင်ပါတယ်။ အကယ်လို့ ဒီ Program ကလေးကို အသုံးပြုရတာ သင့်အတွက် အဆင်ပြေ လို့ Program ရေးသားသူထံကို လှူတန်းငွေ ပေးပို့လိုပါက ၀၉-၇၈၇၅၆၄၀၈၅ ထံသို့ WaveMoney မှ တဆင့် ပေးပို့ နိုင်ပါတယ်။
====================================================================
System Requirement For YawStar U-Tube Downloader
YawStar WinTop ကို မသုံးစွဲမီ သင့်ရဲ့ စက်မှာ အနည်းဆုံး ဒီ Spacification ရှိရဲလား စစ်ဆေးပါ။
.Operating System : Windows XP/ Vista/ 7/ 8/ 8.1/ 10
.Memory (RAM) : 512 MB of required.
.Hard Disk Space : 100 MB of free space required.
.Processor : Intel Pentium III or later.
.Library : Microsoft Visual C++ Redistributable 2010 (x86)
====================================================================
INFORMATION
Latest version : 1.5.1.28
Rleased Date : 28/February/2021
File Size : 31.11 MB
MD5 Checksum : 3E070C8BEF4BDE18752AA37D0054EF49
Package Type : Zip
Stable : YES
အသုံးပြုလိုသူများ အောက်ပါ link မှာ ဒေါင်းယူနိုင်ပါတယ်။

Media Fire >>



====================================================================
အကယ်၍ သင့်ရဲ့ စက်မှာ Microsoft Visual C++ Redistributable 2010 (x86) မရှိသေးဘူး ဆိုရင် ဒီ link မှာ သွားရောက် Download ပြုလုပ်နိုင်ပါတယ်။ ====================================================================

0 comments:

Post a Comment

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me