YawStar Bandwidth Manager


==================================================================================
            Current Version : 2.1.0.0_B5
==================================================================================
 Download YawStar Bandwidth Manager_v2.1 
MD5=D61CB35484028CAC2F0BA75C14CF8C04

  မင်္ဂလာပါ။ YawStar Bandwidth Manager version 2.1.0.0 ပါ။ သိပြီးသူများအတွက်ကတော့ ဘာလုပ်ပေး တဲ့ Software လဲ သိပေမယ့် မသိသေးသူများအတွက် အနည်းငယ် ပြောပြပေးပါမယ်။ Mobile Phone က Internet ကို Computer မှာ Share လုပ်ပြီး အသုံးပြုတဲ့ အခါမှာ မလိုအပ်ပဲ Internet အသုံးပြုနေကြတဲ့ Process တွေကို Block ပြုလုပ်ပေးတဲ့ Software ကလေးပါ။ ဒီ version မှာတော့ Firewall ကနေ Activity နဲ့ Rule ဆိုပြီး Tab အသစ်ပြုလုပ်ပေးထားပါတယ်။ Activity မှာတော့ ဘယ် Process က Internet အသုံးပြုနေပါ တယ်ဆိုတာကိုပြသပေးပြီး အသုံးမပြုစေချင်ရင်တော့ Block ပြုလုပ်နိုင်ပါတယ်။ Rule မှာကတော့ မိမိ Block ပြုလုပ်ထားတဲ့ Process တွေ၊ Allow ပြုလုပ်ထားတဲ့ Process တွေကို စီမန်ခန့်ခွဲလို့ရပါတယ်။ YawStar Bandwidth Manager ကို အသုံးပြုပြီး Internet အသုံးပြုတဲ့ Process တွေကို Internet မရအောင် Block ပြုလုပ်နည်းကို အောက်မှာ အနည်းငယ် ရှင်းပြပေးထားပါတယ်။
ပထမဆုံး Desktop ပေါ်မှ YS-BWM ကို နှစ်ချက် နှိပ်ပြီး YawStar Bandwidth Manager ကို ဖွင့်လိုက်ပါ Pic-01 ကပုံလိုပေါ်လာပါလိမ့်မယ်။ YS-BWM စပြီး Run တာနဲ့ ဘယ် Process က Internet အသုံးပြုနေတယ် ဆိုတာကို Alert ပြုလုပ်ပေးပါတယ် (Pic-02ကိုကြည့်ရန်)။ အဲဒီလို Alert ပြုလုပ်လာတဲ့ အခါမှာ အပေါ်ဆုံးက Application: မှာ ဘယ် Program လဲ ဆိုတာကို ကြည့်ပါ။ Windows: မှာကတော့ ဘယ်လို နံမည်နဲ့ Run နေတဲ့ Windows ဆိုတာကို ပြသပေး ပါတယ်။ Filter: ကတော့ Internet ကိုသုံးတာလား၊ Local Network ကိုပဲ သုံးတာလား ကြည့်နိုင်ပါတယ်။ အောက်က Connection Details Group ထဲမှာကတော့ Run တဲ့ Application ရဲ့ တည်ရှိတဲ့ နေရာ၊ အဲဒီ Application အသုံးပြုတဲ့ Source၊ အဲဒီ Application ရဲ့ Process ID ၊ Port စသဖြင့် ပါပါတယ်။ မိမိက အဲဒီ Application ကို Internet အသုံးမပြုစေချင်ဘူးဆိုရင်တော့ Persistence: ဆိုတဲ့ Group ထဲက Block ဆိုတဲ့ Button ကို နှိပ်ပါ။ အသုံးပြုစေချင်ရင်တော့ Allow ကို နှိပ်ပေးလိုက်ပါ။ Block သို့မဟုတ် Allow ပြုလုပ်တဲ့ အခါမှာလဲ အမြဲတမ်းပြုလုပ်မှာလား ဆိုတာကိုလဲ ဘယ်ဘက်က Drop bar မှာ ပြောင်းလဲ နိုင်ပါ သေးတယ်။
အကယ်လို့ Block ပြုလုပ်ထားမိတဲ့ Process တွေကို Allow ပြန် လုပ်ချင်တယ် ဆိုရင်တော့ Notification Area မှ YS-BWM ပုံလေးကို Right Click နှိပ်ပြီး Firewall ကို ထပ်နှိပ်ပေးလိုက်ပါ (Pic-03ကို ကြည့်ရန်)။
Firewall Tab ကိုရောက်သွားရင် Select Filter အကွက်ထဲမှ Internet ကိုနှိပ်ပါ (Pic-04 ကိုကြည့်ရန်)။ ပြီးသွားရင်တော့ အောက်က Application ဆိုတဲ့ အကွက်ထဲမှ Rules ကို ထပ်နှိပ်ပါ။ ဒါဆိုရင်တော့ Pic-05 ကလို ပေါ်လာပါလိမ့်မယ်။ အဲဒီကမှ Block အကွက် အောက်က မိမိ Internet Access ရစေချင်တဲ့ ဟာကို Select လုပ်ပြီး ညာဘက်က Allow ကို နှိပ်ပေးလိုက်တာနဲ့ အောက်က Allow အကွက်အောက်ကို ရောက်သွားပါလိမ့် မယ်။ ဒါပေမယ့် တကယ် Allow မလုပ်သေးပါဘူး ညာဘက်ဆုံးမှ Apply ဆိုတဲ့ Button အကြီးကို နှိပ်မှသာ တကယ် Allow ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ထို့အတူ Allow ရနေတဲ့ Process ကို Block ပြုလုပ်ချင်တယ် ဆိုရင်လဲ Allow ဆိုတဲ့ အကွက်ထဲက Process တစ်ခုကို Select လုပ်ပြီး ညာဘက်က Block ကို နှိပ်ပါ။ ပြီးရင်တော့ ညာဘက်ဆုံးမှ Apply ဆိုတဲ့ Button အကြီးကို နှိပ်မှသာ တကယ် Block ပြုလုပ်ပေး သွားမှာ ဖြစ်ပါတယ်။ အကယ်လို့ မိမိ Allow ပြုလုပ်ထားတဲ့ Process တွေကလွဲလို့ ကျန်တဲ့ ဘယ် Application ကို မဆို Block ပြုလုပ်ချင်တယ်ဆိုရင်တော့ Block ဆိုတဲ့ အကွက် မှာပါရှိတဲ့ Add ဆိုတဲ့ Button ကလေးကို နှိပ်ပါ (Pic-06 ကို ကြည့်ရန်)။ အဲဒီလို နှိပ်လိုက်တာနဲ့ Pic-07 လို Prompt တစ်ခု တက်လာပါလိမ့်မယ်။ အဲဒီမှာ All Applications ကို ရွေးပြီး OK နှိပ်ပါ။ ပြီးရင်တော့ ညာဘက်ဆုံးမှ Apply ဆိုတဲ့ Button အကြီးကို နှိပ်ပေးလိုက် တာနဲ့ Allow ပြုလုပ်ထားတဲ့ Process တွေကလွဲပြီး ကျန်တဲ့ ဘယ် Process မှ Internet Access ရတော့မှာ မဟုတ်ပါဘူး( အဲဒီ Feature ကတော့ Demo version မှ မရနိုင်ပါဘူး၊ Full version မှာပဲ ရနိုင်မှာဖြစ်ပါတယ်။) တစ်ခု သတိထားရမှာက မိမိ Allow ပြုလုပ်ထားတဲ့ Application ကို Auto Update ပိတ်ပေးထားပါ။ ဥပမာ ကျွန်တော်က Firefox ကိုပဲ Allow ပြုလုပ်ထားရင် အဲဒီ Firefox ရဲ့ Auto Update ကို ပိတ်ပေးထားပါတယ်။
နောက်ပြီးတော့ ဒီ Software မှာ Statistics ပြုလုပ်နိုင်တဲ့ Feature ပါပါတယ်။ Internet Data ဘယ်လောက် ပမာဏကို အသုံးပြုထားတယ် ဆိုတာကို Statistic ဆိုတဲ့ Tab မှာ သွားကြည့်နိုင်ပါသေးတယ်(Pic-08 ကို ကြည့်ရန်)။ ပြီးတော့ ဒီ Software ကလေးမှာ Internet ဘယ်လောက်ပမာဏ အသုံးပြုပြီးတာနဲ့ computer ကို Shutdown ပြုလုပ်တာ၊ ပုံမှန် Internet သုံးနေတဲ့ Speed မဟုတ်ပဲ ပိုမို များပြားတဲ့ Speed နဲ့ IIternet သုံးတဲ့ Process ရှိလာတာနဲ့ Alarm ပေးတာ၊ သတ်မှတ်ထားတဲ့ Data အသုံးပြုမှုကို ရောက်တာနဲ့ Alarm ပေးတာ၊ မိမိရဲ့ Upload Speed, Download Speed တို့ကို တိုင်းတာနိုင်တဲ့ Stop Watch စတဲ့ Feature တွေ များပြားစွာ ပါဝင်ပါတယ်။ အချို့သော Feature တွေကတော့ Demo Version မှာ အသုံးပြုလို့ မရနိုင်ပါဘူး။ Full version မှာပဲ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ Demo အနေနဲ့ ရက် ၃၀ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Full version အနေနဲ့ အသုံးပြုလိုသူများအနေ နဲ့ yawstar.2009@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။
နောက်ဆုံး ပြောလိုတာကတော့ ဒီ Software က Internet သုံးစွဲတဲ့ Background က App တွေကို မလိုအပ်ပဲ Internet မရအောင်ထိန်းပေးတာဖြစ်ပါတယ်။ Internet အသုံးပြုခကတော့ Internet Provider မှသတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းကျသင့်မှာဖြစ်ပါတယ်။ ဥပမာ Software ကိုသုံးထားပြီး Youtube မှာ 1GB စာပမာဏ ရှိတဲ့ Video တွေကိုကြည့်ရင်တော့ အသုံးပြုတဲ့ 1GB စာပမာဏ အတိုင်း ကုန်ကျ မှာဖြစ်ပါတယ်။ ဒီ Software ကလေးကိုတော့ အစမ်းအနေနဲ့ ရက် (၃၀) အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကယ်၍ လိုင်စင်နှင့် ၀ယ်ယူ အသုံးပြုလိုသူများအနေနဲ့ yawstar.2009@gmail.com ကို E-Mail နှင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

အဓိကပါ ၀င်သော အရာများ:
★ Bandwidth ကို ဂရပ်နှင့်ကော နံပါတ်နှင့်ပါဖေါ်ပြနိုင်ပါတယ်။
★ အသုံးပြုသူမှ filters ကိုစိတ်ကြိုက်သတ်မှတ် တိုင်းတာနိုင်ပါတယ်။
★ အသုံးပြုသူစိတ်ကြိုက် ဂရပ်ကို ပြုပြင်နိုင်ပါတယ်။
★ တပ်ဆင်ထားသော Network interfaces / adapters တွေအားလုံးကို တိုင်းတာနိုင်ပါတယ်။
★ Network အားလုံးရဲ့ traffic တို့ကိုလဲ တိုင်းတာဖေါ်ပြပေးနိုင်ပါတယ်။
★ Network address, port, application စတာတို့ကိုလဲ စစ်ထုတ် တိုင်းတာနိုင်ပါတယ်။
★ Firewall mode ကိုလဲ Interactive Mode နဲ့ Silent Mode စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။
★ Traffic control, access control and speed limits စတာတို့လဲ ပြုလုပ်နိုင်ပါတယ်။
★ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်၊ စသဖြင့်လဲ မိမိသုံးစွဲမှုများကို တိုင်းတာနိုင်ပါတယ်။
★ Network အသုံးပြုမှုကိုလဲ အချက်ပေးအကြောင်းကြားနိုင်ပါတယ်။
★ မသင်္ကာဖွယ်ရှိသော Internet traffic (hacker, virus, etc) စတာတို့ကိုလဲ သိရှိနိုင်ပါတယ်။
★ သတ်မှတ်ထားတဲ့ Settings တွေကိုလဲ အလွယ်တကူ export/import ပြုလုပ်နိုင်ပါတယ်။
★ LAN, WAN, VPN, ADSL, xDSL, Modem, Dail-UP စတဲ့ Connection တွေအားလုံးအသုံးပြုနိုင်ပါတယ်။
====================================================================
System Requirements:
Windows XP
Windows Vista
Windows 7
Windows 8
  Windows 8.1
Windows 10
Windows Home Server
Windows Server 2003
Windows Server 2008
Windows Server 2012
x32 bit and x64 bit အားလုံးအသုံးပြုနိုင်ပါတယ်။
ပြီးခဲ့တဲ့ YawStar Bandwidth Manager Version 1.6 မှာတုန်းက အသုံးပြုနည်းကို Video အနေနဲ့ တင်ပေးခဲ့ ဖူးပါတယ်။အသုံးပြုနည်း Video ကို HD အနေနဲ့ ဒေါင်းလိုသူများ ဒီ link မှာ ဒေါင်းနိုင်ပါတယ်။
YawStar Bandwidth Manager Demo Video
>>> https://my.pcloud.com/publink/show…


====================================================================
System Requirement For YawStar Bandwidth Manager
YawStar Player ကို မသုံးစွဲမီ သင့်ရဲ့ စက်မှာ အနည်းဆုံး ဒီ Specification ရှိရဲလား စစ်ဆေးပါ။
.Operating System : Windows XP/ Vista/ 7/ 8/ 8.1/ 10
.Memory (RAM) : 256 MB of required.
.Hard Disk Space : 100 MB of free space required.
.Processor : Intel Pentium III or later.
==================================================================== 
INFORMATION
Latest version : 2.1.0.0 (Build 5)
Released Date : 15/August/2017
License : Trial
File Size : 5.51 MB
MD5  :  6332AEBFD0A4D4A152A44A196EDD120F
Package Type : EXE (Executable)
Stable : YES
 ===================================================================
 Download YawStar Bandwidth Manager_v2.1
 ===================================================================
YawStar Bandwidth Manager နဲ့ပါတ်သက်ပြီး နားမလည်တာတွေကို အောက်က YawStar Bandwidth  Manager Help Page မှာလဲ အသေးစိတ်ရှင်းပြပေးထားပါတယ်။


YawStar Bandwidth Manger Help

 ===================================================================
YawStar Bandwidth Manger ကို လိုင်စင်နှင့် ၀ယ်ယူအသုံးပြုလိုပါက အောက်က Buy Now ကို နှိပ် ပြီး ၀ယ်ယူနိုင်ပါတယ်။

2 comments:

  1. YawStar Bandwidth Manager
    Version 2.1.0.0ကို စမ်းသုံးကြည့်ပါတယ်
    မလိုအပ်ပဲ Internet အသုံးပြုနေကြတဲ့ Process တွေကို Block လုပ်ချင်လို့ ဘာမှ မတက်လာဘူး မတွေ့ရဘူး
    ဒီ version မှာတော့ Firewall ကနေ Activity နဲ့ Rule ဆိုပြီး Tab ကိုတွေ့ပြီး Activity မှာတော့ ဘယ် Process က Internet အသုံးပြုနေပါ တယ်ဆိုတာကိုပြသပေးတာမျိုး မတွေ့ရလို့ပါရှင့်
    Block ပြုလုပ်စရာတွေလဲမတွေ့လို့ပါ
    Window 10တိုင်း ဖုန်းကနေ အင်တာနက်ချိတ်သုံးင် မိနစ်ပိုင်းအနည်းငယ်အတွင်
    FB, googleလောက်ဘဲ သုံးတာကို မတော်မတရား ကုန်နေလို့ပါ
    windown updateကိုလဲ ဒီက softwareနဲ့ ပိတ်ထားပါတယ်
    နည်းနည်းလောက် ရှင်းပြပေးပါနော်
    လေးစားလျက်

    ReplyDelete
    Replies
    1. မင်္ဂလာပါဗျ.. Reply ​နောက်​ကျ လို့ ​တောင်းပန်​ပါတယ်​ ခင်​ဗျ.. ပထမဆုံး မိမိ က ဘယ်​က​နေ Internet သုံး​နေတာပါလဲ YawStar Bandwidth Manager က Adaptor ​တွေ ကို Interface to Monitor လုပ်​ရပါတယ်​ဗျ.. မိမိ Internet ရယူ အသုံးပြု​နေတဲ့ Adaptor ကို Interface to Monitor မှာ Add ထည့်​ ထားမှသာ Notify လုပ်​မှာပါဗျ.. ဥပမာ WiFi က​နေ သုံး​နေတာ ဆိုရင်​ YawStar Bandwidth Manager ကို ဖွင့်​ပြီး Option Tab ရဲ့ Interface to Monitor မှာ WiFi Adaptor ရှိလား ကြည့်​ပါ.. မရှိရင်​ Notify လုပ်​မှာ မဟုတ်​ပါဘူး.. USB Tethering လုပ်​ပြီး သုံးတာ ဆိုရင်​​တော့ USB Tether လုပ်​တိုင်း Adaptor ကို Monitor ပြုလုပ်​​ပေးရပါတယ်​.. WiFi က​နေ ချိတ်​တာ ဆိုရင်​​တော့ ပြုလုပ်​စရာ မလိုပါဘူး...

      Delete

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me