Tuesday, July 25, 2017

YawStar Player



 ==============================================
         မင်္ဂလာပါ။ YawStar Player မှ ကြိုဆိုပါတယ်။ YawStar Player ဆိုတာကတော့ 3D, HD, UHD, 4K Movies တွေ၊ Music Video, Music Audio တွေကို အဆင်ပြေပြေနဲ့ ဖွင့်နိုင်ဖို့ အတွက် အထူးရေးသားထားတဲ့ Media Player တစ်ခုပဲဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Beta Version အနေနဲ့ ထုတ်ပေးထားပေမယ့် နောက်ထပ် ထုတ်မည့် Version တွေမှာ ပိုမို ကောင်းမွန်အောင် ရေးသားသွားမှာဖြစ်ပါတယ်။ YawStar Player ဟာ VCD, SVCD နဲ့ DVD Playback တွေကို အခြား additional software သို့မဟုတ် code တွေမလိုအပ်ပဲ အဆင်ပြေစွာဖွင့်နိုင်ပါတယ်။ LPCM, MP2, 3GP, AC3, နဲ့ DTS Audio တွေပါတဲ့ မည်သည့် MPEG-2 video တွေမဆို Play နိုင်အောင် build-in Codes တွေကို YawStar Player မှာ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် VCDs နဲ့ SVCDs တွေကို Support ပြုလုပ်နိုင်တဲ့ MPEG splitter ပါဝင်ပြီး VCD/SVCD/XCD Reader ကိုအသုံးပြုပြီး Play နိုင်လို့ Playback တော်တော်များများ ကို Quality မကျပဲ Play နိုင်ပါတယ်။ YawStar Player ဟာ DirectShow architecture ကို အခြေခံထားပါတယ်။ ဒါကြောင့် DirectShow Filter ကို Install ထားပါက DirectShow decoding filter ကို အလိုလျှောက် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် DirectShow decoding filter တစ်ခုဖြစ်တဲ့ ffdshow ကိုလဲ အသုံးပြုနိုင်တာမို့ MPEG-4, ASP, H.264 နဲ့ Flash Video တွေကို decoding နဲ့ postprocessing ပြုလုပ်ရာမှာ High Quality နဲ့ လျှင်မြန်စွာ Process ပြုလုပ်နိုင်မှာလဲ ဖြစ်ပါတယ်။ အကယ်လို့ စက်မျာ ffdshow မရှိဘူးဆိုရင်လဲ Quality မကျအောင်ထိန်းပြီး YawStar Player နဲ့ အထက်ပါ Formats Video တွေကို Direct decoding လုပ်ပြီး Play အောင်ရေးသားထားပါတယ်။
          YawStar Player က H.264 သို့မဟုတ် VC-1 code တွေကို သုံးပြီး Video တွေကို Play တဲ့ Intel, NVIDIA နဲ့ ATI Graphic တွေအတွက် DXVA ကို ပါ Support လုပ်ပေးနိုင်ပါတယ်။ ဒါအပြင် ဒီ Player မှာ မိမိ စိတ်ကြိုက် Shortcut Key တွေကိုအသုံးပြုပြီး Player ကို ထိန်းချုပ် Play နိုင်ပါတယ်။ Videos တွေကို Play တဲ့ နေရာမှာလဲ Shaders တွေကိုအသုံးပြုပြီးတော့လဲ မိမိ ကြည့်နေတဲ့ Video တွေကို Effect တွေထည့်ပြီး ကြည့်နိုင်ပါတယ်။ Youtube က Videos တွေ၊ Play List တွေကိုပါ ဒီ Player နဲ့ Download ရယူတာ၊ Movies ရဲ့ Subtitle ကို Auto Search ရှာပေးတာ၊ Playback ပြီးတာနဲ့ Computer ကို Shutdown, Reboot, Lock off, Player ကို Exit လုပ်တာ စတဲ့ Feature တွေကို ထည့်သွင်းပေးထားသလို Folder တစ်ခုအောက်က Video ကို ဖွင့်လိုက်တာနဲ့ အဲဒီအောက်က Videos တွေကို တစ်ပုဒ်ပြီး တစ်ပုဒ် Auto  Play ပေးတဲ့ Feature တွေကို ထည့်သွင်းပေးထားပါတယ်။
နောက်ဆုံးပြောလိုတာကတော့ ဒီ Player ကလေးကို ကျွန်တော်ကိုယ်တိုင် C နဲ့ C++ ကိုသုံးပြီးရေးထားထာမို့ မည့်သည့် Malware, Virus, Ransomware တွေမပါကြောင်း အာမခံပါတယ်။ ဒီ Player ကလေးနဲ့ပါတ်သက်ပြီး တစ်စုံတစ်ရာ အခက်အခဲရှိတာဖြစ်စေ၊ ဝေဖန်အကြံပြုလိုတာဖြစ်စေ၊ တစ်ဘက်တစ်လမ်းမှ ကူညီချင်တာဖြစ်စေ၊ Programmer ထံသို့ Donate ပြုလုပ်လိုတာဖြစ်စေ၊ yawstar.2009@gmail.com  ကို E-mail ပို့ပြီးတော့ ဆက်သွယ်နိုင်ပါတယ်။ ဒီ Player လေးကို မည်သူမဆို အခမဲ့ အသုံးပြုနိုင်သလို ပြန်လည် ပြီးတော့လဲ မျှဝေ အသုံးပြုနိုင်ပါတယ်။

====================================================================
System Requirement For YawStar Player
YawStar Player ကို မသုံးစွဲမီ သင့်ရဲ့ စက်မှာ အနည်းဆုံး ဒီ Spacification ရှိရဲလား စစ်ဆေးပါ။
.Operating System : Windows XP/ Vista/ 7/ 8/ 8.1/ 10
.Memory (RAM) : 256 MB of required.
.Hard Disk Space : 100 MB of free space required.
.Processor : Intel Pentium III or later.
====================================================================
INFORMATION
Latest version : 0.5.8.3 (Build 6)
Rleased Date : 19/July/2017
License : Freeware
File Size : x32-bit = 11.8 MB | X64-bit = 12.4 MB
MD5  :  x32-bit  = 3D284AD42CA64541EFCD69DA24F1B618
MD5  :  X64-bit = 7975BEB71720D40C591A5D9070A68E9B
Package Type : EXE (Executable)
Stable : YES
 ===================================================================


Download
YawStar Player Home Page













AD (728x90)

YawHackka(YawStar). Powered by Blogger.

Feature (Side)

Pages

About

About

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me