Friday, June 19, 2015

YawStar Mouse Gestures_v1.0




 Go Launcher, Next launcher တို့ကို သုံးဖူးကြမယ်ထင်တယ်ဗျ။ အဲဒီထဲမှာ  အပေါ်ဘက်ကို ဆွဲလိုက်ရင် ဘာ App Run, အောက်ကို ဆွဲချလိုက်ရင် Screen Lock လုပ် စသဖြင့် လုပ်လို့ရတဲ့ Gestures Feature ပါတာကိုသိကြမှာပါ။ အဲဒီလိုမျိုး မိမိတို့ Computer မှာလဲ လုပ်ကြည့်ချင်ကြတယ်ဆိုရင် တော့ ကျွန်တော်ရေးထားတဲ့ YawStar Mouse Gestures Program လေးသုံးဖို့တော့လိုမယ်ဗျ။ Program လေးက Mouse ရဲ့ Scroll ခလုပ်ကို နှိပ်ပြီး ရွှေ့တဲ့ Direction ကို Detect လုပ်ပြီး သတ်မှတ်ထားတဲ့ Software ကို ဖွင့်ပေးမှာဖြစ်ပါတယ်။ အရင်ဆုံးလိုအပ်တဲ့ YawStar Mouse Gestures လေး ကိုဒေါင်းလိုက်ပါ။ ပြီးရင်တော့ ညာဘက်အောက်နားမှာရှိတဲ့ Notification Area မှာ ပေါ်နေပါလိမ့်မယ်။ အဲဒီမှာ နှိပ်ပြီး ပေါ်လာတဲ့ Menu မှာ  ဘယ်ဘက် ကိုရွှေ့ရင် အလုပ်လုပ်စေဖို့ Set Gestures ကိုနှိပ်လိုက်ပါ။ ကျွန်တော် အနေနဲ့ ဘယ်ဘက်ကို ရွှေ့ရင် CCleanner ကို Run စေဖို့ပြင်တာကို ပြထားပါတယ်။ Desktop ပေါ်မှာ Mouse ရဲ့ Scroll button ကိုနှိပ်ပြီး ဘယ်ဘက်ကို ရွှေ့လိုက်တာနဲ့ CCleanner စ Run ပြီပေါ့ဗျာ။ ကျန်တာတွေကို တော့ ကိုယ်တိုင်သာစမ်းကြည့်လိုက်ပါ။







RAR Password:YawStar
YawStar Mouse Gestures_v1.0 ( 493.7 KB )>>>>>>>>
https://app.box.com/s/3vejgmj3triq9xtsobupxjzhyr3vg68s


Thursday, June 18, 2015

YawStar Files Locker_v1.0




      မိမိရဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ၊ အရေးကြီးတဲ့ ဖိုင်တွေကို Security ကောင်းကောင်းနဲ့ Encrypt လုပ်ချင်သူများအတွက် ပြုလုပ်ထားပါတယ်။ AES 125 Encryption Method ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ Software လေးပါ။ Windows BitLocker တို့လို Encryption Security ကောင်းမွန်ပါတယ်။  ဒါပေမယ့် Windows BitLocker က Data တွေအရမ်းများတဲ့ အခါမှာ Encrypt လုပ်ရတဲ့ အခါမှာဖြစ်စေ၊ Decrypt လုပ်ရတဲ့အခါမှာဖြစ်စေ အရမ်းကြာပါတယ်။ ဒါကြောင့် ဒီ Software လေးကိုရေးဖြစ်သွားတာပါ။ ဒီ Software လေးကိုတော့ပေါ့ပေါ့ ပါးပါးနဲ့မြန်မြန်ဆန်ဆန် Encrypt , Decrypt လုပ်နိုင်အောင် ရေးထားပါတယ်။ AES-125  Encryption ကို အခြေခံထားလို့ Windows BitLocker လိုပဲ လုံခြုံစိတ်ချနိုင်ပါတယ်။ Encrypt ပြုလုပ်လိုက်လို့ ဖိုင်ရဲ့ အရည်အသွေးကျသွားခြင်း၊ ဆိုဒ် သေးငယ်သွားခြင်းတို့လဲ မရှိပါဘူး။ ပြန်လည် Decrypt လုပ်ရာမှာ ဖိုင်ကို ပြန်ထုတ်ပေးပေမယ့် ပေးထားခဲ့တဲ့ Password မမှန်ပါက Decrypt Data မှန်ကန်မှာမဟုတ်ပါဘူး(Decrypt ပြုလုပ်လိုက်တဲ့ ဖိုင်ကို အသုံးပြုလို့မရပါဘူး)။ လိုအပ်လို့ အသုံးပြုလိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းနိုင်ပါတယ်။







RAR Password:YawStar
YawStar Files Locker_v1.0( 584 KB ) >>>>>>

https://app.box.com/s/io8ya56ferclmaq9n6d54aftu5bvm28b


Wednesday, June 17, 2015

YawStar Empty Folders Remover_v1.0.0





     ကျွန်တော်တို့ရဲ့ Computer ထဲမှာ တစ်ခါတစ်လေ ဘာမှမရှိတော့တဲ့ Empty  Folder တွေတော်တော် များများ  ရှိတတ်ကြပါတယ်။ Local Drives တွေထဲမှာကော SubFolders တွေထဲမှာပါ အများကြီး ရှိတတ် ကြပါတယ်။ သူတို့ကို ဒီအတိုင်းထားတာက ဘာ Space မှတော့ မယူပါဘူးဗျာ။ ဒါပေမယ့် ကြည့်ရတာတော့ ရှုပ်တယ်ဗျ။  အဲဒီတော့တစ်ခုချင်းစီ Properties ကို ကြည့်လိုက် Delete လုပ်လိုက်နဲ့ဖျက်နေလို့ကတော့ မလွယ်ဘူး၊ ဒါကြောင့် ကျွန်တော်လွယ်လွယ်လုပ်  လို့ရအောင်ဆိုပြီး Program လေးရေးထားပါတယ်။ Folder ထဲမှာ 1kb လောက် ဆိုဒ်လေးရှိရင်တောင်မဖျက်ပြစ်အောင် ဂရုစိုက်ပြီး Code ရေးပေးထားပါတယ်။ Program ကသုံးရတာလဲ လွယ်လွယ်လေးပါ။ ပထမ Empty  Folder တွေ  ရှိနိုင်တဲ့ Path ကို ရွေးပေးလိုက်ပြီး  Remove ဆိုတဲ့ button ကိုနှိပ်ပေးလိုက်တာနဲ့ Empty ဖြစ်နေတဲ့ Folder တွေကို လိုက်ဖျက်ပေးသွားမှာဖြစ် ပါတယ်။  အသုံးပြုလိုသူများအောက်မှာ ဒေါင်းနိုင်ပါတယ်။





RAR Password:YawStar
YawStar Empty Folders Remover_v1.0.0 ( 504 KB )>>>>>>>
https://app.box.com/s/tjn9hzs8zr4jd0wjgcrrz1cfgdp0h2d6


YawStar Keyboard and Mouse Locker_v1.0



မိမိ အပြင်ခဏသွားနေတုန်း Computer ကို သူများကိုလဲ မသုံးစေချင်ဘူး၊ Password ပေးထားဖို့ကျတော့လဲ ခဏခဏ မေ့တတ်တယ်ဆိုရင်တော့ ကျွန်တော် ရေးထားတဲ့ YawStar Keyboard and Mouse Locker_v1.0 ကိုသုံးကြည့်ပါ။ Computer keyboard နဲ့  Mouse တို့ကို အသုံးပြုလို့မရအောင် ပြုလုပ်ပေးတဲ့ Program လေးပါ။ Laptop တွေပါဆိုရင် Touchpad တွေပါ အသုံးပြုလို့မရပါဘူး။ တစ်ခါတစ်လေမှာ မိမိ ရဲ့ Computer ကို သူများ လာကိုင်တာ မကြိုက်တတ်ကြပါဘူး။ Password သုံးပြီး Lock ချထားဖို့ဆိုပြန်တော့လဲ သူကိုမသုံးစေချင်လို့ Password ထည့် ထားမှန်းကလဲ မသိစေချင်တဲ့ သူများသုံးနိုင်ပါတယ်။ ကျွန်တော် program နှစ်ခု ပေးထားပါတယ်။အပြာရောင်လေးက Mouse Pointer ရွှေ့လို့ရပါတယ်။ ဒါပေမယ့် ဘယ်ဟာကိုမှ click လုပ်လို့မရပါဘူး။ အ၀ါရောင်လေးကတော့ Keyboard ကော Mouse Pointer ပါ Lock လုပ်ထားလိုက်လို့ နှစ်ခုစလုံး သုံး လို့မရပါဘူး။ Ctrl+Alt+Delete ကိုနှိပ်ပြီး Task Manager ကို ခေါ်လို့ရနိုင်ပေမယ့် Task Manager ကို အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ လိုအပ်လို့ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းနိုင်ပါတယ်။






RAR Password:YawStar
YawStar Keyboard and Mouse Locker_v1.0(879.1 KB)>>>>>>>

https://app.box.com/s/68iey9rlmujl9hidvmwu3wpwnp418wc3




Monday, June 15, 2015

YawStar Multiple Desktop_v1.0.2



Linux Platform (ဥပမာ) Ubuntu OS  ကိုသုံးဖူးတယ်ဆိုရင်တော့ Workspaces ကိုသိကြမှာပါ။ Workspaces ဟာ ဖွင့်ထားတဲ့ မတူညီတဲ့ Windows တွေကို တစ်စု တစ်စည်းထဲ ဖြစ်အောင် သိမ်းထားပေးပါတယ်။ မိမိ လိုအပ်တဲ့ အချိန်မှာ လိုအပ်သလိုပြန်လည် သွားရောက်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Windows မှာတော့ အဲဒီလို Feature တစ်ပါတည်း မပါဝင်ပါဘူး။ Linux Platform တွေမှာပဲပါဝင်ပါတယ်။ အဲဒီအတွက် ကျွန်တော် YawStar Multiple Desktops ဆိုပြီး Program လေးရေးထားပါတယ်။ ကျွန်တော်ရေးထားတဲ့ YawStar Multiple Desktops  Software လေးကိုအသုံးပြုလိုက်ရင်တော့ Desktop 4 ခုရရှိမှာဖြစ်ပြီး လိုအပ်တဲ့ Desktop ကို ကူးပြောင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ Desktop 1 မှာ VLC Player နဲ့ သီချင်းဖွင့်နေပြီး၊ Desktop 2 မှာ Firefox ဖွင့်ထားပါတယ်။ Desktop 3 မှာ Notepad ဖွင့်ထားပြီး၊ Desktop 4 မှာတော့ Windows Media Player နဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားပါတယ်။ Desktop ပေါ်မှာ မရှုပ်တော့သလို Minimize တွေလဲ လိုက်လုပ်စရာမလိုတော့ဘူးပေါ့ဗျာ။  အသုံးပြုလိုသူများ အောက်မှာ ဒေါင်းနိုင်ပါတယ်။

RAR Password:YawStar
YawStar Multiple Desktops_v1.0.2(525.3KB)>>>
https://app.box.com/s/yvzwa18l855y0q90ivx0y4zxn9di8xah



AD (728x90)

YawHackka(YawStar). Powered by Blogger.

Feature (Side)

Pages

About

About

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me