Sunday, September 20, 2015

YawStar LAN Messenger




  YawStar LAN Messenger ကတော့ မိမိတို့ချိတ်ဆက်ထားတဲ့ Local Area Network ထဲမှာ အချင်းချင်း စကားပြောဖို့အတွက် ရေးထားတာပါ။ အချင်းချင်း စကားပြော (Chat) ပဲ လုပ်လို့ရတာမဟုတ်ပါဘူး မိမိ ပေးချင်တဲ့ Files, Video, Image စတာတွေကိုပါ ပို့ပေးလို့ရပါတယ်။ ဒီဆော့ဖ်ဝဲ လေးကို တင်ပေးဖို့မေ့နေတာဗျ။ ကွန်ပြူတာဆိုင်ရာမေးမြန်းနိုင်သော ဂရုမှာတော့တင်ပေးဖူးတယ်။ ဒီနေ့ ကိုယ် Page ကိုကိုယ်ပြန်ကြည့်လိုက်တော့မှ အဲဒါလေး တင်ပေးဖို့မေ့နေတာတွေ့လို့ တင်ပေးလိုက်ပါတယ်။ အသုံးပြုရတာလဲလွယ်ကူအောင် ရေးထားပါတယ်။ Chat လုပ်တဲ့ အခါမှာလဲ Notification အသံကိုလဲ မိမိကြိုက်သလိုပြောင်းလဲနိုင်ပါတယ်။ Windows စတက်တက်ချင်မှာစ Run အောင် လဲလုပ်ပေးနိုင်ပါတယ်။ ကျန်တာတွေကို တော့ ကိုယ်တိုင်ပဲ စမ်းလိုက်ကြပါဗျ။ ပြီးတော့ လိုအပ်တဲ့ အကြံဉာဏ်များလဲ ပေးကြပါဦး။ အသုံးပြုလိုသူများ အောက်မှာ ဒေါင်းနိုင်ပါတယ်။

Zip Password:yawstar.blogspot.com
YawStar LAN Messenger (978 KB ) >>>>

https://app.box.com/s/yylzx34td471xn3iygyel9ku8pjizv2v

Tuesday, July 21, 2015

YawStar Apk Icon Viewer


[အသိပေးချက်]
YawStar Apk Icon Viewer ကို Post အနေနဲ့ မဟုတ်ပဲ Page အနေနဲ့ အဆင့်မြှင့် ပြောင်းလဲ လိုက်ပါပြီ။   အသုံးပြုရန် လိုအပ်သူများ မူရင်း Page ဖြစ်သော https://yawstar.blogspot.com/p/yawstar-apk-icon-viewer.html သို့ သွားရောက် Download ပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။



Tuesday, July 7, 2015

Microsoft DotNet 3.5 ကို Windows 8 နဲ့ Windows 8.1 မှာ ဘယ်လို Enable လုပ်မလဲ



ဒီနည်းလမ်းလေးကို တော်တော်များများသိထားကြပြီးပြီလို့ ထင်နေတာ ကျွန်တော်နဲ့ သိတဲ့ သူငယ်ချင်းများ မသိကြသေးလို့တင်လိုက်ပါ။ သိပြီးသားဆိုလဲ နှစ်ခေါက်ရှိတော့ မှတ်မိတာပေါ့ဗျာ။ ကျွန်တော် တို့ Windows 8 နဲ့ Windows 8.1 မှာ MSDotNet 3.5 ကို Enable လုပ်မထားပါဘူး။ တစ်ချို့ Software တွေက အဲဒီ MSDotnet 3.5 ကို သုံးပြီး Run ရတာကြောင့် အဲဒီ MSDotnet 3.5 ကို Enable လုပ်မထား ရင်အပေါ်ဆုံးမှာပြထားတဲ့ ပုံထဲကအတိုင်း ပဲ Install လုပ်လို့ရမှာမဟုတ်ပါဘူး။ တော်တော်များများကတော့ Internet ကနေ Offline Installer ဒေါင်းပြီး Install လုပ်ကြပါတယ်။ ဒါပေမယ့် အဲဒီ DotNet 3.5 Offline Installer က 48 MB လောက်ရှိပါတယ်။ အခုခေါတ်က Telenor, Ooredoo တို့နဲ့ဒေါင်းရင်တော့ သိတ်ပြဿနာမရှိပေမယ့် အရင်တုန်းကလို MPT Internet နဲ့ ဒေါင်းရရင်တော့ အနည်းဆုံး နေ့တစ်ဝက်လောက်စောင့်ရနိင်ပါတယ်။ ဒါတောင် ပြီးခါနီးမှ ပြန်ဒေါင်းရမယ်ဆိုမလွယ်တော့ပါဘူး။ ကျွန်တော်တုန်းကလဲ အဲဒီပြဿနာ တက်သွားဖူးပါတယ်။  Windows 7 ကနေ Window 8 ပြောင်းတင်လိုက် တော့ အဲဒီ DotNet 3.5 ပြဿနာနဲ့ တွေ့တော့တာပါပဲ။ ဟုတ်ပါပြီဗျ အခုကျွန်တော် ပြောပြမည့် နည်းလမ်းလေးကတော့ Internet မရှိလဲ ပြုလုပ်လို့ ရမည့်နည်းလမ်းလေးပါ။ အရင်ဆုံး မိမိ တင်ခဲ့ တဲ့ Windows ခွေကို CD Drive ထဲကိုထည့်လိုက်ပါ။ ပြီးရင်တော့အဲဒီထဲကို ၀င်လိုက်ပါ။ အဲဒီနောက် Sources ဆိုတဲ့  Folder ထဲကိုထပ်ပြီး ၀င်လိုက်ပါ။ အဲဒီ Sources Folder အောက်မှာ sxs ဆိုတဲ့ Folder လေးကို ထပ်တွေ့ရပါလိမ့်မယ်။ အဲဒီ Folder လေးအလိုက်ပဲ Copy ကူးလိုက်ပါ။ပြီးရင်တော့ Windows တင်ထားတဲ့ Drive C:\ အောက်တည့်တည့် မှာ Paste လုပ်လိုက်ပါ (လွယ်အောင်လို့ C: အောက်ကို ကူးလိုက်တာပါ မိမိကြိုက်တဲ့ နေရာမှာ ကူးနိုင်ပါတယ်)။ ကူးပြီး သွားပြီဆိုရင်တော့ Start Menu ကိုနှိပ်လိုက်ပါ။ ပြီးရင် တော့  ပုံထဲကအတိုင်း Down Arrow ကိုနှိပ်ပြီး All Programs ကိုခေါ်လိုက်ပါ။ နောက်ထပ်ပေါ် လာရင် Search bar မှာ CMD လို့ရိုက်လိုက်ပါ။ ဒါဆိုရင်တော့ ဘယ်ဘက်မှာ CMD  Icon ပေါ်လာပါလိမ့်မယ်။ အဲဒီ CMD ကို Right Click ထပ်နှိပ်လိုက် ပါ။ ပြီးသွားရင် အောက်မှာ ပြနေထဲ့ Context တွေထဲက Run as Administrator ကို ထပ်နှိပ်လိုက်ပါ။ နောက်ထပ် UAC ကမေးလာရင် Yes လုပ်ပေး လိုက်ပါ။ ဒါဆိုရင်တော့ နောက်ခံ အမည်းနဲ့ Administrator အနေနဲ့ Run နေတဲ့ CMD  Windows တက်လာပါလိမ့်မယ်။ အဲဒီ CMD မှာ ဒီလို Command ကို ရိုက်ပေးလိုက်ပါ။  DISM /Online /Enable-Feature /FeatureName:NetFx3 /All /Source:”C:\sxs” လို့ရိုက်ပြီး Enter ကို နှိပ်ပေး လိုက်ပါ။ သေချာအောက် ဒီလို ပြောပြမယ်ဗျ။ DISM[]/Online[]/Enable-Feature[]/FeatureName:NetFx3[]/All[]/Source:”C:\sxs” အဲဒီ မှာ [] ဆို တာလေးက Space ကို ရည်ညွှန်းပါတယ်။ အဲဒီလိုရိုက်ပြီး Enter နှိပ်လိုက်တာနဲ့ ပုံမှာပြထားတဲ့ အတိုင်း MSDotNet ကို စတင် Install လုပ်ပါလိမ့်မယ်။ အောက်နားမှာလဲ Percentage ကို ပြသပေးနေမှာလဲဖြစ်ပါတယ်။ 100% ပြီးသွားရင်တော့ The operation completed successfully. ဆိုပြီးပေါ်လာပါ လိမ့်မယ်။ ဒါဆိုရင်တော့ MS DotNet 3.5 ကို Internet ကနေဒေါင်းစရာမလိုပဲ မိမိစက်ထဲကို ထည့်ပြီးသွားပါပြီ။ မိမိစိတ်ကြိုက် DotNet 3.5 အခြေခံပြီး ရေးထားတဲ့ Software တွေကိုထည့်သွင်း အသုံးပြုနိုင်ပါပြီ။ အားလုံးအဆင်ပြေလိမ့်မယ်လို့ယူဆပါတယ်ခင်ဗျ။

                                                                                                                                      ယောဟက္က(ယောစတား) 



DotNet ကို အခြေခံပြီးရေးထားတဲ့ Software တွေကို Install လုပ်တဲ့ အခါမှာ ဒီလိုမျိုး DotNet 3.5 မရှိဘူးဆိုပြီး ပြောနေပါလိမ့်မယ်။ 



ဒါဆိုရင်တော့ Windows ခွေကို CD Drive ထဲကို ထည့်လိုက်ပါ။ ပြီးရင်တော့ အဲဒီ CD Drive ထဲကိုဝင်လိုက်ပါ။


 

Drive ထဲကိုရောက်သွားရင် Source ဆိုတဲ့ Folder ကို အထက်က ပုံအတိုင်းတွေ့မြင်ရပါလိမ့်မယ်။ အဲဒီထဲကို ထပ်ပြီး ၀င်လိုက်ပါ။

 

Source ဆိုတဲ့ Folder အောက်ကို ရောက်သွားရင် Folders တွေ File တွေကိုထပ်တွေ့ရပါလိမ့်မယ်။ အဲဒီထဲမှာ sxs ဆိုတဲ့ Folder ကို ထပ်ရှာလိုက်ပါ။
 


SXS ဆိုတဲ့ Folder လေးကို တွေ့ရင်တော့ အဲဒီ Folder လေးကို Copy လုပ်လိုက်ပါ။

 

ပြီးရင်တော့ C:\ အောက် တည့်တည့်မှာ Paste လုပ်ပြီး ကူးလိုက်ပါ။ လွယ်အောင်လို့ C:\ အောက်ကို ကူးခိုင်း လိုက်တာဖြစ်ပါတယ်။ ဘယ်မှာပဲကူးကူး ရပါတယ်။





 
SXS Folder ကို ကူးပြီးရင်တော့ Start Menu ကိုနှိပ်လိုက်ပါ။ 











Start Menu ပေါ်လာရင်တော့ ပုံထဲကအတိုင်းပဲ Down Arrow လေးကို နှိပ်ပြီးတော့ All Programs ကိုခေါ်လိုက်ပါ။

 

All Programs ပေါ်လာရင်တော့ ညာဘက်မှာရှိတဲ့ Search မှာ CMD လို့ရိုက်လိုက်ပါ။


 

ဘယ်ဘက်မှာ CMD ပေါ်လာရင် အဲဒီ CMD ပုံကို Right Click နှိပ်လိုက်ပါ။


 

ဒါဆိုရင်တော့ ပုံထဲမှာပြထားတဲ့အတိုင်း အောက်နားက ဒိုင်းကာပုံလေးကိုထပ်နှိပ်လိုက်ပါ။


 

ဒါဆိုရင်တော့ ပုံထဲကအတိုင်းပဲ Administrator အနေနဲ့ CMD ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။


 

ပေါ်လာတဲ့ CMD မှာ  DISM /Online /Enable-Feature /FeatureName:NetFx3 /All /Source:"C:\sxs"  လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ။




ဒါဆိုရင်တော့ DotNet Feature ကို စတင် Enable လုပ်နေမှာဖြစ်ပါတယ်။


 




  
ပုံထဲကအတိုင်းပဲ 100.0% ပြည့်သွားပြီး The operation completed successfully. ဆိုတာ ပေါ်လာရင်တော့ အားလုံးပြီးသွားပါပြီ။ စောစောက မိမိတင်ချင်တဲ့ Setup ကို Error Message မရှိတော့ပဲ တင်နိုင်ပြီဖြစ်ပါတယ်။

My Lockbox Pro နဲ့ ဖွက်ထားတဲ့ ဖိုင်တွေကို Password မသိဘဲနဲ့ ဖေါက်ကြည့်မယ်..



ကဲဒီတစ်ခါတော့ My Lockbox ဆိုတဲ့ Software လေးကို နဲနဲလောက် Hack ကြည့်ကြရအောင်ဗျာ။ သူကတော့ Folder Locker လို Password ကို Registry မှာ မသိမ်းပဲ သူ့ရဲ့ Path မှာ AES-128 နဲ့ Encrypt လုပ်ပြီးသိမ်းထားလို့ Crack လုပ်မယ်ဆိုရင်တော့ အရမ်းကြာလိမ့်မယ်ဗျ။ ဒါပေမယ့် သူ့ Hide လုပ်ခဲ့ တဲ့  Folder ကိုတော့ ပုံမှန်အတိုင်းပဲ Hide လုပ်ထားလို့ အလွယ်တကူ ပြန်ဖေါ်နိုင်ပါတယ်။ ပြီးတော့ My Lockbox ရဲ့ Password ကိုမေ့ သွားလို့ အခက်တွေ့နေသူများ လဲ လိုက်လုပ်နိုင်တာပေါ့ဗျာ။ ကဲ လိုက်ကြရအောင် အောက်မှာ ပုံလေးတွေနဲ့ ပြထားတယ်ဗျ။ ပုံထဲက အတိုင်းပဲ ကျွန်တော် C:\ အောက်တည့်တည့်မှာ DJ-Soda ဆိုတဲ့ Folder ကို ပြုလုပ်ထားပါတယ်။ ပြီးတော့အဲဒီထဲမှာ DJ Soda.jpg ဆိုတဲ့ ဖိုင် တစ်ခုပါပါတယ်။ အဲဒီ Folder နဲ့ ဖိုင်ကို My Lockbox Pro နဲ့ ဖွက်လိုက်ပါမယ်။ အောက်နားကပုံမှာပြထားတဲ့အတိုင်းပဲ AlphaZawgyi ဆိုတဲ့ Folder နဲ့ Intel ဆိုတဲ့ ကြားမှာ Dj-Soda ဆိုတဲ့ Folder ပျောက်သွားတာကို တွေ့ရမှာပါ။ ဟုတ်ပြီ ဗျ အဲဒီ ပျောက်သွားတဲ့ Folder ကို CMD နဲ့လဲ ပြန်ဖေါ်လို့မရပါဘူး။ နောက်ပြီးတော့ အဲဒီ C:\ အောက်တည့်တည့်မှာလဲ DJ-Soda ဆိုတဲ့ နံမည်နဲ့ Folder ကို Create လို့မရပါဘူး။ ကောင်းပြီဗျ အဲဒီ Folder ထဲက ဖိုင်ကို ဘယ်လို ပြန်ယူမလဲဆိုတော့ အရင်ဆုံး ToolUndelete ဆိုတဲ့ tool ကို သုံးသွားမှာဖြစ်ပါတယ်။ အေက်မှာ ကျွန်တော် ToolUndelete ဆိုတဲ့ Tool လေးရဲ့ link ကိုပေးထားပါတယ်။ အဲဒီ ToolUndelete ဆိုတဲ့ Application လေးကိုဖွင့်လိုက်ပြီး စောစောကဖွက်လိုက်တဲ့ C: အောက်ကိုသွားလိုက်ပါ (ကျွန်တော်တို့က C:\ အောက်မှာ Folder ကို ဖွက်ထားခဲ့တာကိုး) အဲ ဒီအောက်ကို ရောက်သွားတာနဲ့ ညာဘက်မှာ ဖွက်ထားတဲ့ DJ-Soda ဆိုတဲ့ Folder ကိုတွေ့ရမှာဖြစ်ပါတယ်။ အဲဒီ DJ-Soda ဆိုတဲ့ Folder ထဲကိုထပ်ပြီးတော့ ၀င်လိုက်တာနဲ့ ဖွက်ထားတဲ့ DJ Soda.jpg ဆိုတဲ့ ဖိုင်ကို ထပ်တွေ့ရ မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အဲဒီ DJ Soda.jpg ဆိုတဲ့ File ကို Right Click နှိပ်ပြီး Copy to… ရွေးပြီး Desktop ပေါ်ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင်တော့ My Lockbox Pro နဲ့ ဖွက်ထားတဲ့ ဖိုင်တွေကို Password မသိပဲနဲ့ အလွယ်တကူ ယူနိုင်ပါပြီ။ ကောင်းပါပြီ ဖွက်ထားတဲ့ Files တွေရဲ့ List တွေကို ဘယ် မှာရှာရမလဲဆိုတော့ My Lockbox Pro ကို Install လုပ် ထားတဲ့ Path မှာ Config ဆိုတဲ့ ဖိုင်ရှိပါတယ်။ အဲဒီ  File ကို Dcompile လုပ်ပြီး ဘယ်နေရာမှာ File, Folder တွေကိုဖွက်ထားလဲဆိုတာကို ရှာနိုင်ပါတယ်။ ဒီအဆင့်ကိုတော့ ကျေးဇူးပြုပြီး ချန်ထားပါရစေဗျာ။ ဘာလို့လဲဆိုတော့ နေရာတကာ အကုန် လိုက်ပြောနေရင် သိတယ်မို့လား ၀ိုင်းရိုက်တာ ခံရနိုင်တယ်ဗျ။ အခုက Post တော့ My Lockbox Pro ရဲ့ Password မေ့သွားလို့ ဒုက္ခရောက်နေတဲ့ သူ တွေအတွက်ပါ။ စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ My Lockbox Pro နဲ့ ToolUndelete တို့ရဲ့ link ပေးထားပါတယ်။


အထက်ကပုံအတိုင်းပဲ ကျွန်တော့် ရဲ့ C:\ အောက်တည့်တည့်မှာ DJ-Soda ဆိုတဲ့ Folder ရှိပါတယ်။

အဲဒီ DJ-Soda ဆိုတဲ့ Folder အောက်မှာ အထက်က ပုံထဲကအတိုင်း Dj Soda.jpg ဆိုပြီး Image File တစ်ခုရှိပါတယ်။

ဒါကတော့ My Lockbox Pro ကို ၀င်ဖို့ Password ထည့်နေတာပါ။

ဒီပုံကတော့ ဖွက်လိုတဲ့ Folder ကိုရွေးခိုင်းနေတာဖြစ်ပါတယ်။

C: အောက်မှာ ရှိတဲ့ DJ-Soda ဆိုတဲ့ Folder ကို ဖွက်ဖို့အတွက် ရွေးလိုက်တာဖြစ်ပါတယ်။

ဒါဆိုရင်တော့ Folder ကို ထည့်သွင်းသွားပြီဖြစ်ပါတယ်။

C: အောက်မှာ  DJ-Soda ဆိုတဲ့ Folder မရှိတော့ပါဘူး။

Tool Undelete ကိုဖွင့်ပြီးသွားရင် C: အောက်ကိုသွားလိုက်ပါတယ်။

အဲဒီ C: အောက်မှာ ဖွက်ထားတဲ့ DJ-Soda ဆိုတဲ့ Folder ကို တွေ့မြင်နေရပါပြီ။

ဖွက်ထားတဲ့ DJ-Soda ဆိုတဲ့ Folder ထဲကို ၀င်လိုက်ရင် ဒီလိုထပ်မြင်ရပါမယ်။

ဒါဆိုရင်တော့ ဖွက်ထားတဲ့ ဖိုင်ကို Right Click နှိပ်ပြီး Copy to ... ကို ထပ်နှိပ်လိုက်ပါတယ်။


လွယ်ကူအောင် Desktop ပေါ်ကိုပဲ Copy ကူးလိုက်ပါတယ်။

ဒါဆိုရင် တော့ ဒီပုံထဲကအတိုင်းပဲ Desktop ပေါ်ကို DJ Soda.jpg ဆိုတဲ့ ဖွက်ထားတဲ့ ဖိုင်လေး ရောက်သွားမှာဖြစ်ပါတယ်။

ပုံမှာတွေ့တဲ့အတိုင်းပဲ ဖိုင် အရည်အသွေး ပြောင်းလဲသွားခြင်းမရှိပဲ My Lockbox Pro နဲ့ဖွက်ထားတဲ့ ဖိုင်တွေကို ဖောက်ကြည့်လို့ရပါပြီ။


My Lockbox Pro Download >>>>>>
https://app.box.com/s/d6lbwnj28rigzxk7zekyqsl28ttpwq6h




ToolUndelete Download >>>>>>> 
https://app.box.com/s/2khanmsojb3ghz06wwd01v3cnpl96t9c



Wednesday, July 1, 2015

Folder Locker ရဲ့ Password ကို ဘယ်လိုရှာကြမလဲ



Folder Locker ရဲ့ Password ကို ဘယ်လိုရှာကြမလဲ
================================================================================

                Folder Locker ဆိုတဲ့ Software လေးကို တော်တော်များများ သုံးဖူးကြလိမ့်မယ်ထင်ပါတယ်။ ကျွန်တော်လဲ လွန်ခဲ့ တဲ့ နှစ်နှစ်လောက်တုန်း ကောင်းကောင်းကြီးသုံးခဲ့ဖူးပါတယ်။ အခုတော့ မသုံးတော့ဘူး ဘာလို့လဲဆိုတော့ Security မှမကောင်းတာ ဘယ်သူမဆို အလွယ်တကူ Hack လို့ရနေ တာပဲ။ ဒီလိုပြောလို့ လွယ်လှချည်လားကွာ Security Lock လုပ်တဲ့ Software တစ်ခုကို လွယ်လွယ်လေး Hack လို့ဘယ်ရပါ့မလဲလို့ပြောလာပါလိမ့် မယ်။ ဒီ Post လေးကိုသာ ပြီးအောင် သေချာလေး ဖတ်လိုက်ပါ။ Folder Locker ဆိုတဲ့ Software ဟာ ဟာသတစ်ခုဖြစ်သွားပါလိမ့်မယ်။ မသိတဲ့သူတွေ ကတော့ Software ကို အဟုတ်ကြီး ထင်နေမှာပေါ့။ ဒါကျွန်တော် Software ကို အပြစ်ပြောနေတာမဟုတ်ပါဘူး။ Developer ရဲ့ Security အားနည်း ချက်ကိုထည့်ပေးထားပုံကိုပြောပြတာပါ။ ဟုတ်ပါပြီ ဘယ်လိုစလုပ်ကြမလဲဆိုတော့

၁။ Run Box ကို Win+R နှိပ်ပြီး ခေါ်လိုက်ပါ။

၂။ အဲဒီထဲမှာ Regedit လို့ရိုက်ပြီး OK နှိပ်လိုက်ပါ။

၃။ Registry Editor ကျလာရင် HKEY_CURRENT_USER\Software\Microsoft\Windows\QualityControl ဆိုတဲ့ ဆီကိုရောက်အောက်သွားလိုက်ပါ။

၎။ အဲဒီရဲ့ ညာဘက်မှာ _pack ဆိုတဲ့  String Value တစ်ခုရှိပါတယ် အဲဒီ Value ကို နှစ်ချက်နှိပ်လိုက်ပါ။

၅။ Value Data မှာ “?????????~~~~~~~~~~” လို့ပြပါလိမ့်မယ် (ပုံထဲမှာတော့  “hgetb65432~~~~~~~~~~” လို့ပြနေပါလိမ့်မယ်)

၆။ အဲဒီ ? တွေကို ကူးလိုက်ပါ။ ~~~ ဆိုတဲ့ Sing တွေမပါပါစေနဲ့

၇။ ကျွန်တော့မှာတော့ hgetb65432 လို့တွေ့ရပါလိမ့်မယ်။ အလွယ်လေးပါ အဲဒီ Key တွေကို ပြောင်းပြန်ပြန်လိုက်ပါ။ hgetb65432 ဆိုတာကို ပြောင်းပြန် ပြန်လိုက်ရင် 23456btegh လို့ရပါလိမ့်မယ်။ အဲဒီတော့ 2 ရဲ့ ရှေ့မှာ ဘာရှိလဲဗျာ။ 1ပေါ့နော်၊ 3 ရဲ့ ရှေ့မှာကော၊ 2 ပေါ့ဗျာ။ ဟုတ်ပြီဗျ အဲဒီလို ရှေ့မှာရှိတဲ့ အရာတွေကိုပဲရေးသွားပါ။ 12345 လို့ရပါလိမ့်မယ်။ နောက်ထပ် b ရဲ့ရှေ့မှာကောဗျာ၊ a ပေါ့၊ t ရဲ့ရှေ့မှာကော s ပေါ့ဗျာ ဒီလောက်ဆိုရင် သဘောပေါက်လောက်ပါပြီ။ 23456btegh ကိုပြန်ပြောင်းလိုက်တော့ 12345asdfg လို့ရပါလိမ့်မယ်။ အဲဒါက Password  ပဲဖြစ်ပါတယ်။ လွယ်တယ်နော် မထင်ရဘူး။ အဲဒီထဲကအတိုင်း Folder Locker မှာရိုက်လိုက်ရင် ပွင့်သွားတာကိုတွေ့ရပါလိမ့်မယ်။ အားလုံးအဆင့်ပြေကြပါစေ။ ( မှတ်ချက် ဒီနည်းနှင့် သူများအချက်အလက်တွေကို ကြည့်ပြီး ပြဿနာတက်ရင် ကျွန်တော်နှင့် မဆိုင် :-)  )







AD (728x90)

YawHackka(YawStar). Powered by Blogger.

Feature (Side)

Pages

About

About

 

© 2016 YawStar. All rights resevered. Designed by YawHackka

Back To Top

Contact Me